Pages

Tuesday, October 29, 2013

အာဖဂန်ရှိ သြစီစစ်သားတွေကို ၀န်ကြီးချုပ် သွားရောက်တွေ့ဆုံ



29/10/2013

ဝန်ကြီးချုပ် Tony Abbott ကို ကြိုဆို နှုတ်ဆက်နေတဲ့ ဗိုလ်မှူးကြီး Wade Stothart (Credit: ABC licensed) 

အာဖဂန်နစ္စတန် စစ်ပွဲဟာ သြစတြေးလျနိုင်ငံအတွက် အရှည်လျားဆုံးသော စစ်ပွဲကြီးဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်းက စတင် တဲ့ စစ်ပွဲကြောင့် သြစတြေးလျ စစ်သား အယောက်ပေါင်း ၄၀ ကျဆုံးခဲ့ရပါတယ်။ စစ်သားအယောက်ပေါင်း ၂၆၀ လည်း အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အကြမ်းဖက် သမားတွေကို ဖြိုခွင်းရာမှာ သြစတြေးလျနိုင်ငံကပါ ပါဝင်တဲ့အတွက် ဆိုးကျိုးတွေ ရှိသလို ကောင်းကျိုးတွေလည်း ရရှိခဲ့တယ်လို့ ပြောပါတယ်။

ကောင်းကျိုးတွေကတော့ သြစတြေးလျ စစ်သားတွေ စစ်ရေးအတွေ့အကြုံရရှိသွားတာတွေ၊ ပြီးတော့ မကြာခင်မှာ သြစတြေး လျနိုင်ငံကို ပြန်လာပြီး မိသားစုတွေနဲ့အတူတူ နေခွင့်ရတာတွေဖြစ်ပြီး ဆိုးကျိုးတွေကတော့ စစ်ကြောင့် စစ်သားတွေ ကျဆုံးတဲ့ အတွက် မိသားစုတွေ ကြေကွဲရတာတွေ ပြီးတော့ အာဖဂန်နစ္စတန်နိုင်ငံဟာ ခုချိန်ထိ အန္တရာယ်ရှိ တဲ့ နိုင်ငံ ဖြစ်နေသေး တာတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အာဖဂန်နစ္စတန်စစ်ဟာ အနိုင်ရတဲ့ စစ်ပွဲ မဟုတ်သလို ရှုံးနိမ့်တဲ့စစ်ပွဲ မဟုတ်တဲ့အကြောင်း ဒါပေမယ့် အာဖဂန်နစ္စတန်နိုင်ငံ ကောင်းလာမယ်လို့သာ မျော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ သြစတြေးလျစစ်သား အယောက်ပေါင်း ၂၀၀၀၀ အမှုထမ်းဆောင်ခဲ့ပြီး အဲဒီစစ်ကြောင့် သြစတြေးလျဒေါ်လာ ၇.၅ ဘီလီယံ ကုန်ကျခဲ့ပြီးဖြစ်ပါတယ်။

သြစတြေးလျစစ်သားတွေဟာ အများအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှာ စာသင်ကျောင်းဆောက်တာတွေ၊ လမ်းခင်းတာတွေနဲ့ ဆေးခန်းတည်ထောင်တာတွေ လုပ်ပေးတာဖြစ်ပါတယ်။

ABC Radio

No comments:

Post a Comment