Pages

Wednesday, October 16, 2013

လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ဖာဂူဆန်အား ခန့်အပ်ရန် သြစတြေးလျဘောလုံး အဖွဲ့ချုပ်ကို ဘော့စနစ်ရှ်တိုက်တွန်း


Wednesday, October 16, 2013

မန်ယူဂိုးသမားဟောင်း မတ်ဘော့စနစ်ရှ်သည် နည်းပြလောကမှ အနားယူ ထားသည့် ဖာဂူဆန်အား အနားယူမှုကို ရုတ်သိမ်းကာ လာမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် သြစတြေးလျ အသင်းအား ကိုင်တွယ်ရန် တိုက်တွန်း လိုက်သည်။

သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်သည် ပြင်သစ်နှင့်ခြေစမ်းပွဲစဉ်တွင် (၆-၀) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဂျာမန်လူမျိုး နည်းပြ ဟိုလ်ဂျာ အိုဆစ်ကို ရာထူးမှထုတ်ပယ် ခဲ့ပြီးနောက် နည်းပြလက်မဲ့ဖြစ်နေသည်။ မန်ယူတွင် ဖာဂူဆန် လက်အောက်တွင် နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ဖူးသည့် ဘော့စနစ်ရှ်က သြစတြေး လျဘောလုံး အဖွဲ့ချုပ် အနေဖြင့် စကော့တလန် လူမျိုးနည်းပြအားကမ္ဘာ့ ဖလားတွင် ကိုင် တွယ်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း တိုက်တွန်း လာခဲ့သည်။

ဘော့စနစ်ရှ်က “အသင်းကို ကိုင်တွယ်နိုင်မယ့် သူတွေများကြီးကို ကျွန်တော် တို့ အကြံပေးကြပေမယ့် တစ်ဦးကိုတော့ အကြောင်းပြချက်များစွာ ကြောင့် ကျွန်တော် အပါအ၀င် ဘယ်သူမှ သူ့ကို မစဉ်းစားကြပါဘူး။ ကျွန်တော့်မှာ သူ့လက်အောက်မှာ ကစားဖူးတဲ့ အတွေ့အကြုံရှိ ပါတယ်။ အဲဒီလူက ဆာအဲလက်စ် ဖာဂူဆန် ပဲဖြစ်ပါတယ်။ အားကစားမှာ က ကိုယ်ပေး သလောက် ရပါတယ်။ အကောင်းဆုံးဖြစ်ချင် ရင် အကောင်းဆုံးပေး ဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။

အသက်(၇၁)နှစ်ရှိ ဖာဂူဆန်သည် မန်ယူကို (၂၆)နှစ်ခွဲကြာ ကိုင် တွယ်ပြီးနောက် ပြီးခဲ့သည့်ဘောလုံး ရာသီအကုန်တွင် နည်းပြလောကမှ အနားယူခဲ့သူဖြစ်ပြီး ကလပ်ထိပ်တန်းပြိုင်ပွဲများကို ယှဉ်ပြိုင် ဖူးသော်လည်း ကမ္ဘာ့ ဖလားပြိုင်ပွဲကို တစ်ကြိမ်မျှ ယှဉ်ပြိုင်ဖူးခြင်းမရှိချေ။

Goal Myanmar

No comments:

Post a Comment