Pages

Wednesday, October 16, 2013

စနေနေ့တွင် ကစားမည့် ၀က်စ်ဟမ်းနှင့်ပွဲတွင် မန်စီးတီးအတွက် ပထမဆုံးပွဲကို ဒီမစ်ချယ်လီ ကစားဖွယ်ရှိ


Wednesday, October 16, 2013

မာတင်ဒီ မစ်ချယ်လီသည် အသင်းခေါင်းဆောင် ကွန်ပနီ ဒဏ်ရာရရှိနေ မှုကြောင့် စနေနေ့တွင် ၀က်စ်ဟမ်းနှင့် ကစားမည့်ပွဲတွင် မန်စီးတီးအတွက် ပထမဆုံးပွဲ ကို ကစားဖွယ်ရှိနေသည်။

အပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးတွင် အက်သလက်တီကိုမှ ပေါင်(၃ .၅)သန်းဖြင့် ရောက်လာခဲ့သည့် အာဂျင်တီးနား နောက်ခံလူသည် မန်စီးတီး သို့ ရောက်ပြီး (၄)ရက်အကြာတွင်ပင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အာဂျင်တီးနား နောက်ခံလူသည် ပြီးခဲ့သည့် တနင်္လာ နေ့မှ စတင်ကာ ကစားဖော်များနှင့် အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီဖြစ်သည်။

ပယ်လီဂရီနီသည် ဒဏ်ရာပြသနာများနှင့်ကြုံနေရမှုကြောင့် ဒီမစ်ချယ်လီ အား အသုံးပြု သွားဖွယ်ရှိနေ သည်။ မန်စီးတီး အသင်းခေါင်းဆောင် ဒီမစ် ချယ်လီ သည် ပေါင်ကြွက်သား ဒဏ်ရာကြောင့် ဘယ်လ် ဂျီယံ ၏ ကမ္ဘာ့ ဖလားခြေစစ် ပွဲစဉ်များကို လွဲချော်ခဲ့သူဖြစ်သည်။ သို့ရာတွင် ကွန်ပနီ၏ ဒဏ်ရာ အခြေအနေမှာ ထင်မှတ်ထားသည်ထက် တိုးတက်ကောင်း မွန်နေသောကြောင့် သတ်မှတ်အချိန် ထက် စောကာ ပြန်ကစားနိုင် ဖွယ်ရှိနေသည်။

Goal Myanmar

No comments:

Post a Comment