Pages

Friday, October 11, 2013

သြစီဝန်ကြီးချုပ် အာရှခရီးစဉ် မျက်နှာပူမယ့် ကိစ္စတွေ မပြောခဲ့လို့ဆို


                              သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Tony Abbott (Credit: ABC) 
  Friday, October 11, 2013

သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Tony Abbott က ဘရူးနိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ ညီလာခံအတွင်း အငြင်းပွားစရာ မျက်နှာပူစရာ နိုင်ငံရေးကိစ္စရပ်တွေကို လုံးဝ ဆွေးနွေးမှုတွေမလုပ်ခဲ့ ဘူးဆိုပါတယ်။

ညီလာခံအတွင်း ဂျပန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံကြား အငြင်းပွားစရာဖြစ်နေတဲ့ ဝေလငါးဖမ်းတဲ့ကိစ္စတွေကို မဆွေးနွေးခဲ့သလို တရုတ်ဝန်ကြီးချုပ်၊ ဗီယက်နမ် ၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေကိုလည်း ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ၀န်ကြီးချုပ် Tony Abbott ကပြောပါတယ်။

ဝန်ကြီးချုပ် Tony Abbott သူအခုသွားရောက်တက်ခဲ့ ညီလာခံဟာ ကုန်သွယ်ရေးနဲ့ ဒေသတွင်းလုံခြုံရေး ကိစ္စတွေ အဓိကထား ဆွေးနွေးဖို့အတွက်ဖြစ်ပြီး ဒါကလည်း သြစတြေးလျပြည်သူတွေအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးအတွက်ဖြစ်လို့ ဆိုပါတယ်။

ပြီးတော့ တရုတ်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီမှုကို လာမယ့် ၁၂လအတွင်းမှာ ရရှိဖို့အတွက် အဓိကထားတာဖြစ်သလို ဂျပန်နိုင်ငံနဲ့ တောင်ကိုးရီးယားတို့နဲ့လည်း သီးခြား သဘောတူညီမှုရဖို့အတွက်လည်းဖြစ်တယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။

ဒါပေမယ့် သြစတြေးလျနိုင်ငံ အတိုက်အခံ လေဘာပါတီကပြောရေးဆိုခွင့် ရှိသူ Richard Marles ကတော့ သြစတြေးလျအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်ကိစ္စရရှိဖို့အတွက် ဆွေးနွေးတာဟာ အသီးအပွင့်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။


ABC

No comments:

Post a Comment