Pages

Friday, October 11, 2013

အသက် ၁၆နှစ်အရွယ် မာလာလာ EU Skharov လူ့အခွင့်အရေးဆု ရရှိ


တာလီဘန်တွေကိုပစ်ခတ်ခံရတဲ့ Malala Yousafzai ကို ဥရောပက EU Sakharov ဆုချီးမြှင့် (Credit: Reuters)

  Friday, October 11, 2013

ပါကစ္စတန်နိုင်ငံက အသက် ၁၆ နှစ်အရွယ် Malala Yousafzai ကို ဥရောပသမဂ္ဂက EU Sakharov လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပြီးနောက် တာလီဘန်အကြမ်းဖက်အဖွဲ့က မကျေမနပ် ဖြစ်နေပါတယ်။

မာလာလာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပညာသင်ယူဖို့ အခွင့်အရေးအတွက် သတ္တိရှိရှိ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လိုဥရောပသမဂ္ဂပါလီမာန်ဥက္ကဌက ပြောပါတယ်။

အသက် ၁၆ နှစ်အရွယ် မာလာလာဟာ EU Sakharov ဆုအတွက်သာမက နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက်လည်း စကားတင်ရွေးချယ်ခံထားရသူ ဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရမရဆိုတာကိုတော့ ဒီကနေ့မှာ သိရမှာ ဖြစ်ပါတယ်။

မာလာလာကတော့ သူဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်သူ မဟုတ်တဲ့အကြောင်း သူ့ထက် ထိုက်တန်တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးရှိတဲ့အတွက် သူတို့ကိုသာ ရွေးချယ်သင့်ကြောင်း ပြောခဲ့ပါတယ်။

မာလာလာအနေနဲ့ EU Sakharov လူ့အခွင့်အရေးဆု ချီးမြှင့်ခံရကြောင်း ကြေညာပြီး မကြာခင်မှာပဲ တာလီဘန်အဖွဲ့က မာလာလာကို ထပ်မံလုပ်ကြံမယ်လို့ ကြိမ်းဝါးလိုက်ပါတယ်။

မာလာလာအနေနဲ့ ဗြိတိန်နိုင်ငံသာမက အမေရိကန်နိုင်ငံမှာ နေရင်တောင် သတ်ပစ်မယ်လို့ သတိပေးထားပါတယ်။ မာလာလာက လူသားအကျိုးပြုလုပ်ငန်းကို လုပ်နေတာမဟုတ်ပဲ အစ္စလာမ်ဝါဒီကို ဆန့်ကျင်နေသူသာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ မာလာလာကတော့ သူ့ကို သတ်ဖြတ်ရင်တောင် သူ့ရဲ့ ကိုယ်ခန္ဓာသာ သေဆုံးမှာဖြစ်ပေမယ့် သူ့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ကလေးငယ်တွေရဲ့ ပညာရေးကို အားမပေးတဲ့ တာလီဘန်အဖွဲ့ကို ဝေဖန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်ကပဲ ပါကစ္စတန်နိုင်ငံအခြေစိုက် တာလီဘန်အဖွဲ့က မာလာလာရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့် မသက်မသေပဲ ခုအခါမှာ ကလေးငယ်များပညာရေးအတွက် တောင်းဆိုလှုပ်ရှားပေးတဲ့ သံအမတ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မာလာလာရရှိတဲ့ EU Sakharov ဆုကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ပြည့်နှစ်တုန်းက ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အဲဒီဆုကို ကိုယ်တိုင်လက်ခံဖို့ ဒီတစ်လအတွင်း ဥရောပတိုက်ကို သွားရောက်မှာ ဖြစ်ပါတယ်။



ABC

No comments:

Post a Comment