Pages

Saturday, October 12, 2013

ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း


Saturday, October 12, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပဆက်ကြောင်းများချိတ်ဆက်သုံးစွဲထားသောSMW-3 ရေအောက်

 ကေဘယ် ကုန်းတွင်း ပိုင်းဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့်ချိတ်ဆက်ထားသောဆက်ကြောင်းအချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်းအနည်းငယ် နှေးကွေးသွားနိုင်မည်
ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော်ဆက်ကြောင်းများမှပြောင်းလဲချိတ်ဆက်ပေး ထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်ရေးအတွက် ပြုပြင်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Mobile Guide Journal

No comments:

Post a Comment