Pages

Saturday, October 12, 2013

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး


Saturday, October 12, 2013

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသ မီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်
နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့ သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိ လူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။ ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ ရသည်။

ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။

ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်၊ ပုံနှိပ်စက်ကိုင်၊ IME ကုမ္ပဏီ၊ တိုက်(၈)၊(ပ)၊ အင်းစိန်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment