Pages

Thursday, October 31, 2013

ထပ်မံတောင်းခံသည့် ဘတ်ဂျက်များအနက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့မှ တောင်းခံထားသည့် ကျပ်သန်း ၁၉၉၆၁ ကျော်အား ခွင့်ပြုရန်မသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

31.10.2013

ဗဟိုအဖွဲ့အစည်း ခြောက်ခု၊ ပြည်ထောင်စု ၀န်ကြီးဌာန ၃၀ ခု၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၁၂ ခု၊ စည်ပင်သာယာရေး ကော်မတီသုံးခု စုစုပေါင်း ၅၁ ခုမှ ထပ်မံ တောင်းခံသည့် ဘတ်ဂျက်များ အနက် ပြည်ထဲရေး ၀န်ကြီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ တောင်းခံထားသည့် ကျပ် ၁၉၉၆၁ သန်းကျော်အား ခွင့်ပြုရန် မသင့်ဟု လွှတ်တော် ကိုယ်စားလှယ်များက အောက်တိုဘာ ၃၀ရက်တွင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးခြင်းမှာကိုယ်စားလှယ်တစ်ဦးအနေဖြင့်မဟုတ်ဘဲ ပြည်သူ့လွှတ်တော်၊ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုယ်စား အဆိုတင်သွင်းခြင်းဖြစ်၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကိုသာခံယူသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်က ဆွေးနွေး

ခဲ့သည်။"ပြည်ထဲရေး ၀န်ကြီးဌာန၊ ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်၊အကျဉ်းဦးစီးဌာန ဖြည့်စွက်တောင်း ခံငွေမှာ ငွေကျပ် ၄၂၅ သန်းဖြစ်ပြီး မူလငွေလုံးငွေရင်း အသုံးစရိတ်မှာ လျာထားခြင်းမရှိသော မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင် စီမံကိန်းများ ပါဝင်နေပါတယ်။ အကျဉ်းထောင်သစ် စီမံကိန်းများ ဖြစ်တဲ့အတွက်. . .

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင် က ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ သည် ဖြည့်စွက်ခွင့်ပြုငွေကို စိစစ်ရာတွင် ဗဟိုအဖွဲ့အစည်း ခြောက်ခု၊ ပြည်ထောင်စုဝန်ကြီးဌာန ၃၀ခု၊ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း ၁၂ခု၊ စည်ပင်သာယာရေး ကော်မတီသုံးခု၊ စုစုပေါင်း ၅၁ ခုအား အသေးစိတ် လေ့လာသုံးသပ်ပြီးနောက် စုစုပေါင်းကျပ် ၁၉၉၆၁ ဒသမ ၂၉၀ သန်းအား ခွင့်ပြုရန် မသင့်လျော်ကြောင်း အဆိုမှာ ကော်မတီ၏ သုံးသပ်ချက် ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူရန်လိုကြောင်း ဆွေးနွေးခဲ့သည်။

ကော်မတီအနေဖြင့် စိစစ်ရာတွင် ခွင့်ပြုရန် မသင့်ကြောင်း သုံးသပ်ခဲ့သော ၀န်ကြီးဌာနနှစ်ခု မှာ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် အားကစား ၀န်ကြီးဌာနဖြစ်ကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၏ ကျပ်သန်း ၄၂၅ နှင့် အားကစား ၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကျပ်သန်း ၁၉၅၃၆ ဒသမ ၂၉၀ ဖြစ်ကြောင်း တင်ပြခဲ့သည်။

"ပြည်ထဲရေး ၀န်ကြီးဌာန၊ ငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်၊ အကျဉ်းဦးစီးဌာန ဖြည့်စွက်တောင်းခံငွေ မှာ ငွေကျပ် ၄၂၅ သန်းဖြစ်ပြီး မူလငွေလုံးငွေရင်း အသုံးစရိတ်မှာ လျာထားခြင်းမရှိသော မိုးညှင်း အကျဉ်းထောင်နှင့် မော်လမြိုင် အကျဉ်းထောင် စီမံကိန်းများ ပါဝင်နေပါတယ်။ အကျဉ်းထောင်သစ် စီမံကိန်းများ ဖြစ်တဲ့အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် BE မှသာ တောင်းခံ သင့်ပါကြောင်း ကော်မတီ မှ တင်ပြပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က ဆွေးနွေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment