ကော့သောင်းအကျဉ်းထောင် ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူမှုများ တရားဝင်ထုတ်ပြန်ခြင်း မပြုသေးမီ အကျဉ်းသား ၁၀၀ ကို ဒုတိယအကြိမ်ထောင်ပြောင်း
31.10.2013
အောက်တိုဘာ ၃၀ ရက် နံနက် ၆ နာရီကျော်တွင် ကော့သောင်းမြို့နယ်၊ ၉ မိုင်
ကျေးရွာရှိ အကျဉ်းထောင် မှ အကျဉ်းသား ၁၀၀ တို့အား မှန်လုံကားနှစ်စီး၊ ၁၀
ဘီးကား တစ်စီးတို့ဖြင့် ကော့သောင်း မြို့တော်ဝင် သင်္ဘောဆိပ်သို့ သယ်ဆောင်ကာ
ကြယ်ငါးပွင့်သင်္ဘောလိုင်းပိုင် တောင်ကြီးသင်္ဘောဖြင့် နံနက် ၇း၀၀ နာရီခန့်တွင် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ယခုပြောင်းရွှေ့ခြင်းမှာ ဒုတိယအကြိမ် ထောင်ပြောင်းရွှေ့ခြင်းဖြစ်ပြီး
ယခုအကြိမ် ပြောင်းရွှေ့ရာ၌ အကျဉ်းသားများအား သင်္ဘောအတွင်းသို့
လမ်းလျောက်ဝင်စေခဲ့ခြင်းနှင့် ပစ္စည်းများပေးခွင့်ရခဲ့ခြင်းတို့ကြောင့်
အကျဉ်းသားမိသားစုများ အထိုက်အလျောက် ကျေနပ် ခဲ့ကြသော်လည်း
ပြောင်းရွှေ့မည့် အကျဉ်းသားများ အမည်စာရင်းအား ကြိုတင်မသိခဲ့ခြင်းနှင့်
ထောင်ဝင်စာတွေ့ခွင့်ပေးခြင်းကို စောစွာ ပိတ်ခဲ့ခြင်းတို့ကြောင့် မကျေနပ်မှုများ ရှိခဲ့ကြောင်း သိရသည်။
''အန်တီ မနေ့က ထောင်ဝင်စာသွား တွေ့တော့ ၂ နာရီပဲရှိသေးတယ်။ အတွေ့မခံတော့ဘူး လို့ပြော တယ်။နှစ်ပတ်
တစ်ကြိမ် လာတွေ့ဆိုလို့လာခဲ့တာ။ အချိန်ပြောင်းတယ်ဆိုတာ မသိရတော့
ကြိုပြော သင့်တာပေါ့လို့ မေးလိုက်တော့ ၀န်ထမ်းထဲက တစ်ယောက်က ဒီနေ့မှ
ပြောင်းသွားတာ အရင်နေ့က မပြောင်းဘူး။ ထောင်ပြောင်းရှိတယ်လို့ လွှတ်ခနဲ
ထွက်သွားတာ သိလိုက်ရတော့ သားအတွက် စိတ်ပူသွားပြီး နည်းနည်းစကားများတယ်'' ဟု
ထောင်ဝင်စာလာတွေ့ခဲ့သော အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။
ပထမအကြိမ် အကျဉ်းသားများအား သယ်ဆောင်စဉ်က ၀န်ချီကရိန်းများဖြင့်
သယ်ရွှေ့ခဲ့ခြင်း၊ ပြောင်းရွှေ့အကျဉ်းသားများအား ပစ္စည်းများ
ပေးခွင့်မရခဲ့ခြင်း တို့ကြောင့်
မီဒီယာများ၊ ပါတီအဖွဲ့အစည်းများ၊ လူမှုကွန်ရက်အဖွဲ့များ၊ အကျဉ်းကျမိသားစု
အသိုင်းအ၀ိုင်းနှင့် မြို့ခံလူထုတို့က အမျိုးမျိုး
ဝေဖန်ခြင်းများရှိခဲ့သည်။
ယခုအကြိမ်ပြောင်းရွှေ့ရာတွင်
အကျဉ်းသားများနှင့် ပြောင်းရွှေ့အကျဉ်းထောင် ၀န်ထမ်း ၄၂ ဦးတို့ကိုသာ
သယ်ဆောင်ရန် စီစဉ်ထားသောသင်္ဘောပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်ထား၍
ပြန်လည်သယ်ချခဲ့ ရသောကြောင့် သင်္ဘောထွက်ခွာချိန်အား ၄ နာရီခန့် နောက်ဆုတ်၍
နံနက် ၁၁ နာရီမှသာ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment