Pages

Saturday, October 19, 2013

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အီတလီနှင့် အာဆီယံနိုင်ငံများ၏ ဘာသာစကားသင်ပေးရန် ကြိုး ပမ်းနေ

Saturday, October 19, 2013

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အီတလီဘာသာစကားနှင့် အာဆီယံဒေသအတွင်း ဘာသာ စကားများကို တိုးမြှင့်သင်ကြားနိုင်ရန် ကြိုးပမ်းနေကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ လွင်လွင်စိုးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု တစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် နိုင်ငံခြား ဘာသာစကားကျွမ်းကျင်သူ ပိုမိုလိုအပ်လာလျက်ရှိသော်လည်း ပြည်တွင်း၌ နိုင်ငံခြားဘာသာစကား သင်ယူနိုင်မှု အခွင့်အလမ်းနည်းပါးလျက်ရှိနေသည်

"အရင်တုန်းက သင်ထားခဲ့ပြီးတော့ အဆက်ပြတ်သွားတဲ့အီတလီဘာသာကို သင်ကြားဖို့စီမံချက်တင် ထားတာ ရှိပါတယ်။ အဲဒီအပြင် အာဆီယံဘာသာစကားတွေကိုလည်း တိုးချဲ့သင်ကြားနိုင်ဖို့ ကြိုးစား မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမ၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် ဒေါက်တာလွင်လွင်စိုးကပြောသည်။

လက်ရှိရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ အင်္ဂလန်၊ ဂျပန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ကိုရီးယားနှင့် ထိုင်းဘာသာစကားများကို သင်ကြားပို့ချနေပြီး လွန်ခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းအနိမ့် ဆုံးရမှတ် ၄၃၇ နှင့် အထက်ရရှိသူများ ဝင်ခွင့်ရရှိခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment