Pages
▼
Saturday, October 19, 2013
ဆီးရီးယားအရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြုလုပ်မည့် Geneva II ညီလာခံ ဖြစ်မြောက်ရေး ဘန်ကီမွန်း ဆောင်ရွက်မည်
Saturday, October 19, 2013
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆီးရီးယား အရေးကိစ္စနှင့် စပ်လျဉ်း၍ ပြုလုပ်မည့် Geneva II ညီလာခံကို ဖြစ်မြောက် အောင် စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ မာလင်နာဆာကီးက အောက်တိုဘာ ၁၇ ရက် တွင် ပြောကြား ခဲ့သည်။
ဘန်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုဝင်ဘာလလယ်တွင် ပြုလုပ်မည့် အဆိုပါ ညီလာခံ ဖြစ်မြောက်ရေးအတွက် အရှိန်မြှင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ယင်းညီလာခံသို့ တက် ရောက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဖိတ်ကြား သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နာဆာကီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ညီလာခံသည် အသွင် ကူးပြောင်းရေး ဆိုင်ရာ အစိုး ဖွဲ့စည်းနိုင်ရေးအတွက် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များနှင့် အစိုးရ အဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်ရန် ၂ဝ၁၂ ခုနှစ် ဇွန်လ နှောင်းပိုင်းက ဂျီနီဗာမြို့၌ ပြုလုပ်သော ညီလာခံ၏ ကြိုးပမ်းချက်များကို အကောင်အထည် ဖော်ရန် ရည်ရွယ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment