Pages

Monday, October 14, 2013

စည်ပင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး အမှိုက်သိမ်းယာဉ် တိုက်၍ သေဆုံး

Monday, October 14, 2013

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် တိုက်မိ၍ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ မြို့မလမ်းပေါ်တွင် စည်ပင်သာယာ ဝန်ထမ်း သန့်ရှင်းရေး လုပ်သားများ သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးတင်မျိုး ထွန်း မောင်းနှင်လာသည့် အမှိုက်သိမ်းယာဉ်က အမှိုက်များ တင်ရန်အတွက် ယာဉ်ကို နောက်ဆုတ်ရာမှ သန့်ရှင်းရေး ဝန်ထမ်း ဒေါ်ပေါက်ကို ဝင်ရောက် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အမှိုက်သိမ်းယာဉ် တိုက်ခံရသော ဒေါ်ပေါက်ကို ပခုက္ကူ ပြည်သူဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ရာ အမှိုက်သိမ်း ယာဉ်မောင်းဝန်ထမ်း ဦးတင်မျိုး ထွန်းကို ယာဉ် (ပ) ၄၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ အရ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း အမှုစစ် ဒုရဲအုပ်ဌေးဝင်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment