Pages

Monday, October 14, 2013

ဘယ်လ်ဂျီယံတိုးတက်မှုများအတွက် ပရီးမီးယားလိဂ်ကို ဖယ်လိုင်နီ ကျေးဇူးတင်


Monday, October 14, 2013

ဘယ်လ်ဂျီယံသည် ခြေစစ်ပွဲအောင်မည့် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ခရိုအေးရှားကို အဝေးကွင်း ဇာဂရက်ဘ်မြေတွင် အနိုင်ရခဲ့ရာ ချယ်လ်ဆီးမှ အဲဗာတန်သို့ အငှားသွားရောက် ကစားနေသည့် တိုက်စစ်မှူး ရိုမီလူ လူကာကူက (၂)ဂိုး သွင်းပေးခဲ့သည်။

ဘယ်လ်ဂျီယံတိုးတက်မှုများအတွက် ပရီးမီးယားလိဂ်ကို ဖယ်လိုင်နီ ကျေးဇူးတင်ဘယ်လ်ဂျီယံ လက်ရွေးစင် ဘောလုံးအသင်း ၏ တက်လှမ်းမှုများအတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကို ကျေးဇူးတင်ရမည်ဟု ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမား မော်ရို ဖယ်လိုင်နီက ဝန်ခံ ပြောကြား လိုက်သည်။ ဖယ်လိုင်နီသည် အင်္ဂလန် ကလပ်များဖြစ်သည့် အဲဗာတန်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့အတွက် ကစားပေးခဲ့သူ ဖြစ်သည်။ 

ယူနိုက်တက် ကြယ်ပွင့် ဖယ်လိုင်နီ ကဲ့သို့ပင် ဘယ်လ်ဂျီယံ၏ အားထားရ သည့် ကစားသမားရင်းမြစ် အတော်များများသည် ပရီးမီးယားလိဂ် ကလပ်များတွင် ကစားလျှက် ရှိနေရာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင် စွာ ကျော်ဖြတ်နိုင်ခဲ့သည့် လက်ရွေးစင် အသင်းအတွက် အထောက်အပံ့များ စွာ ရရှိခဲ့သည်။ ဘယ်လ်ဂျီယံသည် ခြေစစ်ပွဲအောင်မည့် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ခရိုအေးရှားကို အဝေးကွင်း ဇာဂရက်ဘ်မြေတွင် အနိုင်ရခဲ့ရာ ချယ်လ်ဆီးမှ အဲဗာတန်သို့ အငှားသွားရောက် ကစားနေသည့် တိုက်စစ်မှူး ရိုမီလူ လူကာကူက (၂)ဂိုး သွင်းပေးခဲ့သည်။

ဘယ်လ်ဂျီယံ အသင်းတွင် လူကာကူနှင့် ဖယ်လိုင်နီတို့အပြင် ဂျန်ဗာတွန်ဂန်၊ ဗင်းဆင့်ကွမ်ပနီ၊ ကီဗင်မီရဲလက်စ်၊ ဆိုင်မွန်မစ်ဂ်နိုလတ်၊ သောမတ်စ်ဗာမေ လန်၊ အီဒင်ဟာဇက်၊ ကီဗင်ဒီဘရုမ်း၊ မူဆာဒမ်ဘီလီ၊ ခရစ္စတီယန် ဘန်တက်ကီ၊ နက်ဆာ ချက်ဒ်လီ အစရှိသည့် အင်္ဂလန် အခြေစိုက် ကစားသမားများစွာ စုဖွဲ့ထားသည်။ အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီက "ကျွန်တော်တို့ အသင်းဟာ ပိုပြီး ရင့်ကျက်လာပါတယ်။ အင်္ဂလန်မှာ ကစားခွင့် ရလာတာဟာ ကျွန်တော်တို့အတွက် မြင့်မားတဲ့ မျှော်လင့် ချက်တွေကို အကောင်အထည်ဖော်ဖို့ နီးစပ်လာစေတယ်"ဟု ပြောကြား သွားခဲ့ သည်။ ဖယ်လိုင်နီသည် လက်ကောက်ဝတ် ဒဏ်ရာ ရရှိထားသော် လည်း အကာအကွယ် လက်ပတ်ကို ဝတ်ဆင် ကစားမည်ဖြစ်ပြီး ဇန်နဝါရီလကျမှ ဒဏ်ရာခွဲစိတ်မှု ခံယူရန် စီစဉ်ထားသူလည်း ဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment