နန်းမြင့်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီးကို ရွှေတိဂုံကန့်သတ်ဇုန်တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ကာသတ်မှတ်လိုက်ပြီဖြစ်ကြောင
“တိရစ္ဆာန်ဥယျာဉ်နဲ့ ကန်တော်ကြီးနဲ့ တစ်ဆက်တည်းဖြစ်သွားအောင် Green ဧရိယာ (အစိမ်းရောင်နယ် မြေ) ပေးချင်လို့ ရွှေတိဂုံကန့်သတ်ဇုန် သတ်မှတ်လိုက်တာ”ဟု ဦးမောင်မောင်ဇော်က ပြောသည်။
ယခင်မြေပဒေသာကျွန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော မန်နေဂျာ ဦးတင်မြင့်စော(ငြိမ်း)က “ကန်တော် ကြီးနဲ့ တိရစ္ဆာန်ဥယျာဉ်ကို Green ဧရိယာသတ်မှတ်လိုက်တာ ကောင်းပါတယ်။ အရင်ကတည်း ကလဲ Green ဧရိယာဖြစ်ပြီးသားပါ။ ပိုကောင်းသွားတာပေါ့” ဟု ပြောသည်။
ရွှေတိဂုံကန့်သတ်ဇုန်ထဲတွင် ရွှေတိဂုံဘုရား၏ မြောက်ဘက်ခြမ်းတွင်ရှိသော အဆောက်အအုံများသည် အမြင့်ပေ ၇၈ ပေထက်ကျော်၍မရခြင်း၊ ရွှေတိဂုံဘုရား တောင်ဘက်ခြမ်းရှိ အဆောက်အအုံများသည် ၁၉၀ပေအထိ ကျော်လွန်ခြင်း မပြုရန် သတ်မှတ်ထားသည်။
ဌာနမှူး ဦးမောင်မောင်ဇော်က “ဒါက ပုံသေကားချမဟုတ်ဘူး။ မြင်ကွင်း လမ်းကြောင်းမလွတ်ရင်တော့ ခွင့်မပြုဘူး။ ရွှေတိဂုံဘုရားကို ရှင်းလင်းပြတ်သားစွာ ဖူးမြော်နိုင်တဲ့အခွင့်အရေးကို ပိတ်ဆို့တယ်ဆိုရင် ခွင့်ပြုမှာမဟုတ်ဘူး” ဟုပြောသည်။
ရွှေတိဂုံကန့်သတ်ဇုန်ကို ၁၉၉၄ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ခုနှစ်တွင် တစ်ကြိမ်သတ်မှတ်ထားခဲ့ပြီး ယခု အခါအဆိုပါ တိရိစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီးကို စက်တင်ဘာလတွင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အဆောက်အအုံအထပ်နိမ့်ကန့်သတ် ဧရိယာများမှာရွှေတောင်ကြား၊ အင်းလျားလမ်း၊ ဒဂုံသံတမန် ရပ်ကွက်လေး၊ ရွှေနှင်းဆီ၊ မရမ်းကုန်းမှ မြစပယ်လမ်း၊ A1 အစရှိသည်တို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အောက်တိုဘာလ ၂၈ရက်အထိ ခွင့်ပြုချက်မဲ့နှင့် ခွင့်ပြုချက် ထက် ကျော်လွန်ဆောင်ရွက်မှုများ အရေးယူထားမှုသည် အရှေ့ပိုင်းခရိုင်တွင် ၆၁၂လုံး၊ အနောက်ပိုင်း ခရိုင်တွင် ၁၀၉ လုံး၊ တောင်ပိုင်းခရိုင်တွင် ၁၅၀ လုံးနှင့် မြောက်ပိုင်းခရိုင်တွင် ၃၄၁လုံးတို့ ရှိသည်။
Mizzima
No comments:
Post a Comment