Pages

Wednesday, October 30, 2013

ကလေးများကို ပညာသင်ပေးနိုင်မည့် စက်ရုပ်များ ရောင်းချနိုင်ရန် Play-i စတင်စီစဉ်

30.10.2013

အောင်မင်း ဘာသာပြန်သည်

ကလေးငယ်များအား ၎င်းတို့၏ အစောပိုင်းကာလများ၌ အခြေခံကွန်ပျူတာ programming အား သင်ကြားရာတွင် အထောက်အကူဖြစ်စေနိုင်မည့် Bo နှင့် Yana စက်ရုပ်များအား ရောင်းချနိုင်ရန်အတွက် Play-i မှ ကနဦးရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ရန်အတွက် စတင်လှုံ့ဆော်နေပြီဖြစ်သည်ဟု venturebeat သတင်းဝက်ဘ်ဆိုဒ်တွင် ယခုလ ၂၈ ရက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီအနေဖြင့် ဘဏ္ဍာအရင်းအမြစ်အလုံအလောက်ရှိသော်လည်း ယခုကဲ့သို့ ကနဦးရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရန်အတွက် ဆောင်ရွက်ခြင်းမှာ “Bo နှင့် Yanaတို့အကြောင်း သတိပြုမိစေရန်နဲ့ ၎င်းတို့ကို ကြိုတင်မှာယူတာတွေ ပြုလုပ်စေနိုင်ဖို့ အတွက်” ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု venturebeat.com နှင့် အင်တာဗျူးတွင် Play-i အား တည်ထောင်သူ Google ၀န်ထမ်းဟောင်း Vikas Gupta က ပြောကြား လိုက်သည်။

“Google Ventures, the Madrona Venture Group နဲ့ တစ်သီးပုဂ္ဂလရင်းနှီးမြှုပ်နှံသူတွေက ကနဦး လေ့လာ စမ်းသပ်မှုတွေအတွက် ကန်ဒေါ်လာတစ်သန်းခန့် ထည့်ဝင်ပြီးပါပြီ။ ကနဦးရင်းနှီးမြှုပ်နှံမှု ထည့် ၀င်တာတွေကတော့ စက်ရုပ်တွေကို ဈေးကွက်ထဲမှာ ရောင်းချနိုင်ဖို့ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

Play-i အနေဖြင့် ၎င်း၏ရည်မှန်းချက် အောင်မြင်ရန်အတွက် နောင်လာမည့် ရက်ပေါင်း ၃၀ အတွင်း ကန်ဒေါ်လာ ၂၅၀,၀၀၀ ခန့် လိုအပ်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံသူ ၂၇၀ ဦးထံမှ ကန်ဒေါ် လာ ၅၅,၀၄၀ ခန့် ရရှိခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

အသက်ငါးနှစ်နှင့်အထက် ကလေးငယ်များအနေဖြင့် ကွန်ပျူတာ programming အား ငယ်စဉ်ဘ၀က တည်းက စိတ်ဝင်စားလာစေရန်အတွက် Bo နှင့် Yana တို့အား တီထွင်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း၌ စတင်ရောင်းချနိုင်ရန်အတွက်Play-i မှ ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်။


Mizzima

No comments:

Post a Comment