Pages

Tuesday, October 22, 2013

ဆီးဂိမ်းတွင် ရွှေတစ်ရာဝန်းကျင်ရမည်

22-10-2013

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတစ်ရာဝန်းကျင်ရရှိရန် ဆောင် ရွက်နေပြီး ရန်ကုန်မြို့မှ ၂၅ရာ ခိုင်နှုန်းရမည်ဟု ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းက ပြောသည်။မြန်မာနိုင်ငံမှ အိမ်ရှင်အ ဖြစ်လက်ခံ
ကျင်းပမည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ၂ရကြိမ်မြောက်တွင် နိုင်ငံအ လိုက် ရွှေတံဆိပ် အများဆုံးအဆင့် ရပ်တည်မှု၌ တစ်မှသုံးအတွင်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး ယင်းရည်မှန်း ချက်အတိုင်း အ ကောင်အထည်ဖော်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ကျင်းပမည့် အား ကစားနည်း များမှ ရွှေတံဆိပ် ၂၅ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စုဝန်ကြီးဦးတင့်ဆန်းက '' မီဒီယာတွေက ရွှေတံဆိပ်တစ် ရာ ဝန်းကျင်ရရှိမယ်ဆိုတာနဲ့ ပတ် သက်ပြီး အမျိုးမျိုးဝေဖန်မှုတွေ ရှိပေမယ့် ဆုတံဆိပ်မျှော်မှန်းသလိုရရှိမယ်လို့ ယုံကြည်ပါတယ်။ ရန်ကုန်မှာကျင်းပမယ့် အားကစား နည်းတွေကနေ ၂၅ရာခိုင်နှုန်း ရရှိမယ်''ဟု အရှေ့တောင်အာရှ လုပ်ငန်းညှိနှိုင်းပွဲတွင်ပြောသည်။

ရန်ကုန်မြို့တွင် ကျင်းပ မည့်အားကစားနည်း ခြောက်မျိုး နှင့် ဘောလုံးအားကစားနည်း တို့အတွက် ရွှေ တံဆိပ် ၇၀၊ ငွေ တံဆိပ် ၇၀၊ ကြေးတံဆိပ် ၉၉၊ ဆု တံဆိပ်အရေအတွက်(၂၃၉)ချီးမြှင့်မည်ဖြစ်သည်။

အိမ်ရှင်အသင်းမျှော်မှန်း ထားသည့် ရွှေရမည့်အားကစား နည်းများတွင်အလေးမအားက စားနည်း အတွက်ရွှေ၁၁ခု၊ သေနတ်ပစ်ရွှေ၁၂ခု၊နပန်းရွှေ၂၁ခု၊ကမ်ပိုရွှေ၁၈ခု၊ကာယဗလ ရွှေငါးခု၊ ဟော်ကီရွှေနှစ်ခုနှင့်
ဘောလုံးရွှေတစ်ခု ချီးမြှင့်မည့် အားကစားနည်းများဖြစ်သည်။

Yangon Media Group

No comments:

Post a Comment