Pages

Sunday, October 20, 2013

ဇလွန်ပြည်တော်ပြန် ဘုရားကြီး ရောင်တော်ဖွင့်ချိန်တွင် လာရောက်သူ ယခင်နှစ်ထက် နည်းပါး

ဇလွန် ပြည်တော်ပြန် ဘုရားကြီးတွင် ဆီမီးများ ထွန်းညှိပူဇော် ထားသည်ကို တွေ့ရစဉ် 

 Sunday, October 20, 2013

မုနိလေးဆူတွင် တစ်ဆူအပါအ၀င်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးတွင် သီတင်းကျွတ် လပြည့်နေ့ ရောင်တော်ဖွင့်ချိန်၌ နယ်ဝေးမှ လာရောက်သူ ယခင်နှစ် များထက် နည်းပါးခဲ့ကြောင်း သိရသည်။

"ရန်ကုန်စတဲ့ နယ်ဝေး ဘုရားဖူးတွေက လပြည့်မတိုင်ခင် သီတင်းကျွတ်ပွဲတော် အစရက်ညမှာတင် ကြိုလာကြလေ့ရှိတယ်။ အရင်က လပြည့်နေ့ မတိုင်ခင် ည ၁၂ နာရီလောက်ဆို ဘုရားဝင်းထဲ ကားတွေပြည့်နေပြီ။ နယ်ဝေး ဘုရားဖူးတွေက ရောင်တော်ဖွင့်ချိန် အဓိက လာတာများပါတယ်။ မျက်နှာသစ်တော်ရေကို အလေးအမြတ်ထားပြီး ယူလေ့ရှိကြတယ်။ ဒါပေမဲ့ ဒီနှစ်မှာ နယ်ဝေးက လာတဲ့သူက အရင်နှစ်တွေကထက် နည်းတယ်။ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေကြောင့် စိုးရိမ်စိတ်နဲ့ မလာဖြစ်ကြတာ ဖြစ်နိုင်ပါတယ်" ဟု ဇလွန်မြို့ခံ ကိုမောင်ဖုန်းက ပြောကြားသည်။

ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးက "ဒီပွဲတော်က တစ်ညလုံး ကျင်းပတဲ့ပွဲမျိုး မဟုတ်ပေမဲ့ လုံခြုံရေး ရဲအင်အားကို ပိုတိုးထားပါတယ်။ လုံခြုံရေးအတွက် ဘုရားဂေါပကအဖွဲ့၊ NGO အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ CCTV ကင်မရာ ၁၉ လုံးကိုလည်း သီတင်းကျွတ်ပွဲတော် မတိုင်ခင် နှစ်လလောက် ကတည်းက ကြိုတင် တပ်ဆင်ထားပါတယ်။ မြို့ဝင် မြို့ထွက်တွေမှာ အရာရှိဦးစီးတဲ့ အဖွဲ့တွေက လုံခြုံရေး ဆောင်ရွက်နေပြီး တည်းခိုခန်းတွေမှာလည်း ဧည့်စာရင်း စစ်ဆေးတာတွေကို လုပ်ဆောင်နေပါတယ်" ဟု ပြောကြားသည်။

ရပ်ဝေး၊ရပ်နီးမှ ဘုရားဖူး ပြည်သူများ လုံခြုံရေးအတွက် ဘုရားလုံခြုံရေး ၀န်ထမ်းများအပြင် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဆောင်ရွက်ပေးလျှက်ရှိပြီး အကျိုးတော်ဆောင် အဖွဲ့မှလည်း ဘုရားကြီး ပရ၀ဏ်အတွင်း လှည့်လည် စစ်ဆေးမှုများ ပြုလုပ်ပေးလျှက်ရှိကာ လုံခြုံရေး ကင်မရာများကိုလည်း တပ်ဆင်ပေးထားကြောင်း ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့မှ ဦးစိုးပိုင်က ပြောကြားသည်။

ယခုနှစ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ဗုဒ္ဓရုပ်ပွားတော်များ စုပေါင်းလှူဒါန်းပွဲကို လပြည်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ ရေချမ်း ၉၀၀၀ ကပ်လှူ ပူဇော်ပွဲကို အောက်တိုဘာ ၁၉ မှ ၂၁ ရက် အထိ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment