Pages

Thursday, October 31, 2013

အင်းလေး ဟိုတယ်ဇုန်တွင် ဟိုတယ်အလုံး ၁၀၀ အပိုင်း သုံးပိုင်းခွဲ တည်ဆောက်မည်

31.10.2013

အင်း လေးဒေသဟိုတယ်ဇုန်ကို နိုင်ငံ တကာအဆင့်မီ ဟိုတယ်ဇုန်တစ် ခုအဖြစ် အပိုင်းသုံးပိုင်းခွဲခြား အ ကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ဇုန်စီမံကိန်း တွင် ဟိုတယ်အလုံးပေါင်း၁၀၀ ကျော် တည်ဆောက်နိုင်ရန် စီမံ ထားပြီး အေ၊ ဘီ၊ စီဟူ၍အပိုင်း သုံးပိုင်းခွဲ တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိတွင် ဟိုတယ်စီမံ ကိန်းများအတွက် တင်ဒါများခေါ် ယူထားကြောင်း ရှမ်းပြည်နယ်စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီးဦးအောင် ကျော်ညွန့်က ပြောသည်။

ဦးအောင်ကျော်ညွန့်က ''လက်ရှိတော့ အရေးအကြီး ဆုံး အခြေခံ အဆောက်အအုံတွေ စ တင်နေတယ်။ အောက်ခြေမြေ ကွက် ၁၀၀ အကွက်ဖော်တဲ့အဆင့် ကို ဆောင်ရွက်ပြီးလို့ ကျန်တဲ့အ ဆင့်တွေ ဆောင် ရွက် ဖို့အတွက် လည်း BOT စနစ်နဲ့ပွင့်လင်းမြင် သာမှုရှိအောင် တင်ဒါခေါ်ဆောင် ရွက်သွားမှာပါ''ဟု ဆိုသည်။

အဆိုပါစီမံကိန်းတွင် ပါဝင် မည့်အပိုင်း'အေ'တွင် ပြည်တွင်း က ခရီးသွားများ တည်းခိုနေထိုင် နိုင်မည့် ဟိုတယ်စီမံကိန်း၊ အပိုင်း 'ဘီ'တွင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ ဆန္ဒအရ ရင်းနှီး မြှုပ်နှံနိုင်မည့် ဟိုတယ်စီမံကိန်းနှင့် အပိုင်း'စီ'တွင် နိုင်ငံတကာအဆင့် မီ ဟိုတယ်စီမံကိန်းများ တည် ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဦးအောင်ကျော်ညွန့်က ''အ ပိုင်း'အေ'က အဓိကပြည်တွင်းခရီး သွားတွေ ဈေးနှု န်း အသင့်အတင့် တည်းခိုနိုင်မယ့် ဟိုတယ်စီမံကိန်း တွေကို တည်ဆောက်မယ်။ အပိုင်း 'ဘီ'ကိုတော့ လုပ်ငန်းရှင်အနေ နဲ့ စိတ်ကြိုက် ရင်းနှီးမြှုပ်နှံနိုင် မယ်။ အပိုင်း'စီ'ကတော့ အဲဒီမှာ နိုင်ငံတကာ ကြယ်ပွင့် အဆင့်ရှိ တဲ့ ဟိုတယ်တွေပဲ ဆောက်ဖို့ စီ စဉ်ထားတယ်''ဟု ဆက်လက် ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ ၁၀၀ ကို မဲစနစ်ဖြင့် ရှမ်းပြည်နယ်အစိုး ရအဖွဲ့မှ ရွေးချယ်ထားပြီး တိုင်း ရင်းသားပိုင်ကုမ္ပဏီများ အများ ဆုံးပါဝင်ကြောင်းသိရသည်။ ဟို တယ်နှင့်ခရီးသွားညွှန်ကြားမှုဦး စီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ဟိုတယ်ပေါင်း ၈၂၆ လုံး ကို ခွင့်ပြုထားကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment