ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော် သယ် ဆောင် လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။
“ကျွန်တော်တို့ လက်နက်ကိုင်ဆောင်သူကိုချုပ်ရက်ရ
အမှုမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က လှိုင်သာယာအမှတ် (၁)ရပ်ကွက်အတွင်း လူတစ်ဦးက သေနတ်ကိုင်ပြီး အခြားလူတစ်ဦးအားချိန်ရွယ်မှု ပြုလုပ်နေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်
ထို့ကြောင့် သေနတ်ကိုင်ဆောင်လာသူမှာ ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းနေ၊ ပြည်သူ့စစ်(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသည့် စောနေလင်း (၂၉)နှစ်၊ ကိုယ်ပိုင်အမှတ် သမင/၀၉ (ဘ)ဦးစောမြင့်ကျော် ဖြစ် သည်ဟု မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။
သို့သော် ကရင်ပြည်နယ် သံတောင်မြောက်ပိုင်း အထူးဒေသ ပြည်သူ့စစ် (ဌာနေ)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးဖိုးစီက “သူက ကျွန်တော်တို့ အဖွဲ့က မဟုတ်ဘူး၊ ကျွန်တော်တို့ အဖွဲ့နဲ့ နေပြည်တော်သွားရတဲ့ ကိစ္စတွေမှာဆိုရင်တော့ အတူသွားအတူလာတော့ ရှိပါတယ်။ အမှန်က သူက ဒီကေဘီအေကလိုထူးဖော အဖွဲ့ကပါ၊ အဖွဲ့ချင်းက သက်ဆိုင်မှုရှိလို့သာ တွဲသွားတွဲလာတာပဲရှိပါတယ်၊ အလုပ်ကိစ္စကတော့ ကျွန်တော်တို့နဲ့ ပါက်သက်မှုမရှိပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
၎င်းသည် လှိုင်သာယာ အမှတ် (၁) ရပ်ကွက်ရှိ ယောက္ခမဖြစ်သူ နေအိမ်သို့သွားရောက်စဉ် ဦးဥတ္တလမ်းအရောက် ထွန်းထွန်းဝင်းဆိုသူက လမ်းမဖယ်သည့် ကိစ္စနှင့် စကားများစဉ် အသင့်ယူ လာသော ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ ၎င်းသည်နယ်ကျော်ကာ ရပ်ကွက်အတွင်းသို့ တရားဝင် ကိုင် ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်ကို ကိုင်ဆောင်ခဲ့ကြောင်း ကနဦးအနေဖြင့် စစ်ဆေးတွေ့ရှိ ထားသည် ဟု ရဲစခန်းက ဆိုသည်။
၎င်းကိုင်ဆောင်သော သေနတ်မှာ f CZ 75 B CAL 9 Luger နံပါတ်ပါ (၉ မမ) ပစ္စတိုတစ်လက်ဖြစ်ပြီး ပစ္စတိုကျည်အိမ်တစ်ခု၊ ၉ မမကျည် ၁၄ တောင့်တို့ကို သက်သေခံအဖြစ် သိမ်းဆည်းထားသည်ဟုသိရ သည်။
“ သူက အထူးဒေသပြည်သူ့စစ် (ဌာနေ)အဖွဲ့ကပါ၊ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတဲ့အဖွဲ့ပါ၊ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” ဟုလည်း ရဲအုပ်ဌေးဝင်းက ရှင်းပြခဲ့သည်။
လက်ရှိတွင် ၎င်းကို ရဲစခန်းက (ပ) ၁၂၅၃/
၂၀၁၃ သြဂုတ်လ ၂၀ ရက်ကလည်း သန်လျင်မြို့နယ်အတွင်း ယာဉ်မောင်းနှင့် စပါယ်ယာတစ်ဦး ကို သေနတ်ဖြင့်ချိန်ရွယ်ချိန်းခြောက
Mizzima
No comments:
Post a Comment