Pages

Monday, October 14, 2013

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်း အိမ်တစ်အိမ်ကို ၀င်ရောက်

Monday, October 14, 2013

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်းရှိ နေအိမ်တစ်အိမ်ကို ၀င်ရောက်ရန်ကြိုးပမ်းခဲ့သူအား ကမာရွတ် ရဲစခန်းက အယောင်ဆောင်မှုဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အောက်တိုဘာ ၁၂ ရက်၊ နံနက်က ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အင်းယားလမ်း၊ အမှတ် (၈၆) နေအိမ်ခြံဝင်း အတွင်းသို့ ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့မှသတင်းရရှိခဲ့ပြီး စင်ထရယ်တာဝါတွင် နေထိုင်သူ သိန်းဇံမောင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

စစ်ဆေးမေးမြန်းရာတွင်လည်း ၎င်းသည် သမ္မတရုံးအထူးဖွဲ့မှဖြစ်ပြီး တာဝန်ပေးချက်အရ အမှတ်(၈၆)၊ ခြံဝင်းအတွင်းသို့ ကားနံပါတ် 9F-9479 ကားရှိသည်ဟု သိရသဖြင့် ၀င်ရောက်စစ်ဆေးရန် လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းကို ရဲစခန်းသို့ခေါ်ဆောင်စစ်ဆေးရာတွင် ၀န်ထမ်းတစ်ဦးမဟုတ်ဘဲ အရပ်သားတစ်ဦးဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၀န်ထမ်းအယောင်ဆောင်ပြီး တစ်ပါးသူ၏ခြံထဲသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သူ သိန်းဇံမောင်ကို အရေးယူပေးရန် ဒု-ရဲအုပ်ဌေးဝင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ယင်းတိုင်တန်းမှုကို ကမာရွက်ရဲစခန်းက (ပ)၄၅၂/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၁၇၀ ဖြင့် အရေးယူရန် ဖမ်းဆီး စစ်ဆေးခဲ့သည်။ ထို့နောက် စစ်ဆေးခံနေရသူမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သဖြင့် ရွာသာကြီး စိတ်ရောဂါ အထူးကု ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် သွားရောက်ပို့ဆောင်ပေးခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment