Pages

Wednesday, October 30, 2013

ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ကား အစီး ၂၂၀ လေလံတင် ရောင်းချမည်

၃၀.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

မွန်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ကား အစီး ၂၂၀ကျော်ထဲက တရားရုံး အမိန့်ချပြီးလို့ နိုင်ငံတော်ပိုင် သိမ်းထားတဲ့ကား၈၈စီးကိုမကြာခင် လေလံတင် ရောင်းချမယ်လို့ အောက်တိုဘာလ၃၀ရက်နေ့ထုတ်  မြန်မာ့အလင်း
သတင်းစာမှာ ဖော်ပြပါတယ်။ မော်လမြိုင်နဲ့ မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ကားအစီး ၂၂၀ ကျော်ရဲ့ ကာလတန်ဘိုးပေါက်ဈေးဟာ လိုင်စင်နဲ့သာဆို ကားတစ်စီးတန်ဘိုး အနည်းဆုံး ကျပ် သိန်း ၁၀၀ နဲ့ တွက်ရင်တောင် ကျပ် ၂ ဘီလျံဖိုးလောက် ရှိတယ်လို့ လေလံသွားဆွဲမယ့် ကားဝယ်ရောင်း ဦးကိုကိုကြီးက ဒီဗွီဘီကို ပြောပါတယ်။ မွန်ပြည်နယ်မှာ ဖမ်းဆီးမိတဲ့ ကားအများစုဟာ တိုယိုတာ ဗင် အမျိုးအစားတွေ များပြီး မော်လမြိုင်-ကော့ကရိတ်-မြ၀တီ
ကားလမ်းမှာ အထူးလိုင်းကားတွေအဖြစ် ကြမ်းကြမ်းတမ်းတမ်း အသုံးပြုထားလို့ လေလံအောင်ပြီးရင် ပြန်ပြုပြင်ရမှာ များတယ်လို့ သူက ပြောပါတယ်။

DVB

No comments:

Post a Comment