Pages

Wednesday, October 30, 2013

ကုမ္ပဏီမှတ်ပုံတင် မတည်ရင်းနှီးငွေထားရှိမှု ပယ်ဖျက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်ရန် ကုမ္မဏီမှတ်ပုံတင်
မတည်ရင်းနှီးငွေ ထားရှိမှုကို ပယ်ဖျက်လိုက်ကြောင်းအောက်တိုဘာ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများ တွင် တရားဝင်ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အောက်တိုဘာ ၁၇ရက်နေ့တွင် အတည်ပြုချက်ဖြင့် ကုမ္ပဏီများ မှတ်ပုံတင်၌မတည်ငွေရင်း ပမာဏနှင့် ကနေဦး ထည့်ဝင်ရမည့် ပမာဏများ ကန့်သတ်ထားရှိခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ် ကော်မတီက
ထုတ်ပြန်ကြေညာ သည်။

ယခင် ကုမ္မဏီများမှတ်ပုံတင်ရာတွင်လုပ်ငန်း အမျိုးအစားများကို ခွဲခြားသတ်မှတ်ပြီး ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် မတည်ငွေရင်း ပမာဏနှင့် ကနဦး ထည့်ဝင်ငွေပမာဏ ကန့်သတ်ထားခဲ့သည်။

လက်ရှိတွင် ရောင်းဝယ်ရေးကုမ္မဏီ၊ ၀န်ဆောင်မှုကုမ္မဏီ၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၏ မတည်ငွေရင်းကနေဦး ထည့်ဝင်ငွေများ ကို ကျပ် ၅သိန်း မှတ်ထားရှိခဲ့ပြီး ဟိုတယ်လုပ်ငန်း၊ စက်မှု လက်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်း၊ဆောက်လုပ်ငန်းတို့ ကျပ် ၅၀သိန်း သတ်မှတ်ထား ရှိခဲ့ခြင်း
တို့ကို ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အဆိုပါ ပယ်ဖျက်မှုကြောင့် အသေးစားအလတ်စားကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို အလွယ်တကူ
စတင်နိုင်သော်လည်း ခရီးသွားလုပ်ငန်းကဲ့သော လုပ် ငန်းများသည် ဝန်ကြီးဌာနတွင် ပါမစ် အတွက်၂နှစ်လျင် ၄သိန်းခန့်ပေးနေရကြောင်း ယင်းစနစ်လည်းကို ပယ်ဖျက်သင့်ကြောင်း  World Quest ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်က ရှင်းပြသည်။

“ကုမ္မဏီတွေ ကနေဦးမတည်ငွေ ဆိုတာက အရင် ကတည်းငွေစာရင်းတွေကိုစာအုပ်ထဲမှာပဲ ပြခဲ့တာပါ”ဟု ဦးမောင်မောင်က ဆိုသည်။

ကုမ္မဏီများ၏ လုပ်ငန်းအမျိုးအစား သတ်မှတ်ရာတွင် မတည်ရင်းနှီးငွေကို ရောင်းဝယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း ကျပ်သိန်းတစ်ရာ သတ်မှတ်ခဲ့ပြီး ဟိုတယ်လုပ်ငန်း၊ စက်မှုလက်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတို့ကို ကျပ် သိန်း ၅၀၀ သတ်မှတ်ခဲ့တို့ကို ခွဲခြားသတ်မှတ်ခြင်းကို ပယ်ဖျက်ခဲ့သည်။

ရေးသားသူ- မင်းသူရ
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်
People Power

No comments:

Post a Comment