Pages
▼
Friday, October 18, 2013
မွန်ပြည်နယ် မဖွံ့ဖြိုးသေးသော ဒေသများကို ကုလသမဂ္ဂ ကူညီရန် လာရောက်ဆွေးနွေး
မွန်ပြည်နယ် အတွင်း မဖွံ့ဖြိုးသေး သော ဒေသများတွင် ကုလသမဂ္ဂ အဖွဲ့ မှ ဆောင်ရွက်ပေးနိုင်ရန် ကုလသမဂ္ဂ ပူးပေါင်း ကူညီရေးအဖွဲ့ ဌာနေ ညှိနှိုင်းရေး မှူးရုံးမှ မွန်ပြည်နယ် အစိုးရနှင့် လာ ရောက် တွေ့ဆုံကြောင်း သိရသည်။
UN အဖွဲ့စုမှ Ms. Caroline Vandenabeele က မွန်ပြည်နယ် အစိုး ရ အဖွဲ့ဝင်များနှင့် ပူးတွဲ ဆောင်ရွက်ပေး နိုင်ရန် အတွက် လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ အထူး သဖြင့် စစ်ဘေး ဒဏ် ခံနေရ သူများအား ကူညီ ပံ့ပိုးပေးလို ကြောင်း၊ မိမိတို့ UN အဖွဲ့တွင် အဖွဲ့ ပေါင်းစုံ ပါဝင် လာသဖြင့် လိုအပ်သော အကူအညီများ ကို ပြော ကြားပေးစေလို ကြောင်း များကို ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ ပူးပေါင်း ကူညီ ရေးအဖွဲ့၊ ဌာနေ ညှိနှိုင်းရေးမှူးရုံးမှ မဟာဗျူဟာ၊ စီမံကိန်း အကြံပေးပုဂ္ဂိုလ် Ms. Caroline Vandenabeele ဦး ဆောင်သည့် UNDP, UNOCHA, UNHCR အဖွဲ့ များမှ အဖွဲ့ဝင် ၆ ဦးတို့ သည် အောက်တိုဘာ ၉ ရက်နေ့ နံနက် က တွေ့ဆုံကြောင်း သိရသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန် ကြီးများက မိမိတို့ ပြည်နယ်တွင် စစ် ပြေး ဒုက္ခသည်များ မရှိပါကြောင်း၊ သို့ သော်လည်း ယခင် မွန်ပြည်သစ် ပါတီ နယ်မြေနှင့် KNU တပ်မဟာ (၁) နယ် မြေများတွင် ယခု ငြိမ်းချမ်းနေပြီ ဖြစ် သော်လည်း ယင်းဒေသ များတွင် ဖွံ့ဖြိုးမှု အားနည်း နေသေးကြောင်း ယင်းဒေသ များတွင် လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာ ရေး အတွက် စာသင်ကျောင်း၊ ကျန်းမာ ရေး အတွက် ကျေးလက် ဆေးပေးခန်း၊ တစ်ဖက်နိုင်ငံ များသို့ သွားရောက် အ လုပ်လုပ် ကိုင်ပြီး ပြန်ရောက် လာသူများ ထပ်မံ မသွားရောက်စေရေး အတွက် စက်ရုံ၊ အလုပ်ရုံများ လိုအပ်ပါကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး ရရှိပြီးသော် လည်း မဖွံ့ဖြိုးသေးသည့် ဘီးလင်း၊ ကျိုက်မရော ၊ ရေးမြို့နယ် တို့တွင် လိုအပ် ပါကြောင်း ပြောသည်။
UN အဖွဲ့များ အနေဖြင့် ယခင် ကလည်း ကူညီခဲ့မှု ရှိပြီး ယခုလည်း ကူညီနေဆဲ ဖြစ်ကြောင်း မြို့နယ် အလိုက် လိုအပ်ချက် အသေးစိတ်ကို နောက်ပိုင်း တွင် ဆက် သွယ်ပြောကြားမည် ဖြစ်ပါ ကြောင်း၊ လာမည့် နှစ်တွင် စတင် အကူ အညီပေးစေ လိုကြောင်း မွန်ပြည်နယ် အစိုးရ ဝန်ကြီးအဖွဲ့က ပြောသည်။
HM

No comments:
Post a Comment