Pages

Friday, October 18, 2013

အမူးသမား၏ အဓမ္မပြုကျင့်မှုခံ ငါးနှစ်သမီးငယ် ပြင်ဘုကြီးရွာ၌ နေရာ၌ပင် သေဆုံး

တနသာင်္ရီတိုင်းဒေသကြီး မြိုတ်ခရိုင်ပလောက်မြို့နယ်ခွဲရှိ ပြင်ဘုကြီးကျေးရွာ၌ အသက်ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မ ပြုကျင့်ခဲ့သူမှာ အရက်သေစာသောက်စားထားခြင်းကြောင် ပြစ်မှုကျူးလွန်မိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သက်ဆိုင်ရာ ကျေးရွာရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၁၄ရက်နေ့၌ အဓမ္မပြုကျင့်ခဲ့သူမှာ အရက်သေစာသောက်စားမူးယစ်နေစဉ် မိန်းကလေးများနေအိမ်နှင့် မုဆိုးမနေအိမ်များသို့ မကြာခဏတက်ခဲ့ဖူးကြောင်းကိုလည်း ပြင်ဘုကြီးစခန်း၌ ၀န်ခံထွက်ဆိုခဲ့သေးသည်။

“ ရွာမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ညကြီးအချိန်မတော်ထားပြီး မသွားသင့်ဘူး၊ မိဘကွယ်ရာမှာလည်း မထား သင့်ဘူး” ဟု ပလောက်မြိုနယ်ခွဲ ပြင်ဘုကြီးကျေးရွာမှ စခန်းမှူ ဦးအေးမင်းကပြောသည်။ အဆိုပါအဓ္ဓမပြုကျင့်ခံသမီးငယ်မှာပြုကျင့်ခံရစဉ်ကပင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။

ဖြစ်စဉ်မှာ ယခုအောက်တိုဘာလ ၁၄ရက်နေ့က ည(၈)နာရီခွဲခန့်၌ အုပ်ထိန်းသူ အဘွားမှ တရားပွဲသို့ သွားရောက်နေစဉ် အရက်သေစာမူးယစ်လာသည့် အဆိုပါအိမ်အနီး၌နေထိုင်သည့် တရားခံ. . . . မှာ အသက်ငါးနှစ်သာရှိသေးသည့် မ….အား ပွေ့ချီခေါ်ဆောင်သွားကာအ.မ.က(မော်ဖျား)တွင်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ပြုကျင့်ခံသမီးငယ်မှာနေရာ၌ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ရှစ်နှစ်အရွယ်ကလေးက ပြောလို့ သိတာ၊ တရားခံကို ညတွင်းချင်း မိပါတယ်” ဟု စခန်းမှူးဦးအေးမင်းက ပြောသည်။

အဆိုပါသမီးငယ်အားခေါ်ဆောင်သွားမှုကို ၄င်း၏အမဖြစ်သူ ရှစ်နှစ်အရွယ်အမျိုးသမီးငယ်က ၄င်း၏အဖွား ပြန်လည်ပြောပြ ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုလောမြိုနယ်ခွဲ ရဲစခန်းတွင် ဦးမြင့်သိန်း၏ သားဖြစ်သူ ထက်ဝင်း(ခ) က၀င်းအား ဖမ်းဆီးပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၀၂ အရ အမှုဖွင့် စစ်ဆေးကာ အရေးယူဆောင်ရွက်မည်ဖြစ်သည်။

BY မင်းမင်း(မြစ်မခ)

No comments:

Post a Comment