29.10.2013
ချိုကို
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာ များတွင် နိုင်ငံတကာသို့ အခမဲ့ဖုန်း ခေါ်ဆိုနိုင်ရန်အတွက် Y talk ဖုန်းခေါ်ဆို မည့်နေရာများ ထားရှိရန် စီစဉ်နေ သည်ဟု Y talk ၀န်ဆောင်မှုပေးသည့် VMG ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။
အဆိုပါနေရာများတွင် နိုင်ငံတကာမှ လာရောက်မည့် နိုင်ငံခြားသားများ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ပြည် ပနိုင်ငံများသို့ ခေါ်ဆို မှုသာ ပြုလုပ်နိုင် မည်ဖြစ်သည်။
ဦးအောင်ထွန်းက “ကျွန်တော်တို့ဘက်ကတော့ ဆီးဂိမ်းအတွင်း အားကစားရွာတွေ၊ ပြိုင်ပွဲနေရာတွေ မှာ နိုင်ငံတကာကို အခမဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ ထားပေးသွားမယ်လို့ အားကစား ၀န်ကြီးကို ပြောတော့ သဘောတူတယ်။ ဒါနဲ့ အဲဒါလုပ်ဖို့ကို အားကစားဝန်ကြီး ဌာနကို လျှောက်ထားတယ်။ အခုထိတော့ လုပ်ဖို့ ခွင့်ပြု မိန့်မရသေးဘူး။ လျှောက်ထားဆဲပဲ”ဟု မဇ္ဈိမ ကို ပြောသည်။
အားကစားပြိုင်ပွဲကျင်းပမည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ ငွေဆောင်စသည့် နေရာများအားလုံး တွင် နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်မည့်နေရာပေါင်း ၁၅၀ ခန့်ထားရှိရန် စီစဉ်ထားပြီး တစ်နေရာတွင် ဖုန်းနှစ် လုံးနှုန်းဖြင့် ဖုန်းအရေအတွက် ၃၀၀ ခန့်ထားရှိ သွားရန်ရှိသည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အားကစားဝန်ကြီးဌာန ပြန်ကြားရေးဌာန တာဝန်ခံ ဦးဌေးအောင်က “ Y talk ကနေ ဆီးဂိမ်းပြိုင်ပွဲနေရာတွေမှာ အခမဲ့ဖုန်းခေါ်ဆိုနိုင်အောင်ထားရှိဖို့ အားကစားဝန်ကြီး ဌာန ကို လျှောက်ထားတာတော့ရှိတယ်။ လက်ရှိတော့ ၀န်ကြီးဆီကို တင်ပြပြီး အခုဘဏ္ဍာရေးဘက်ကို ဆက်လက်တင်ပြ ထားတယ်။ အထက်က ဘယ်တော့ခွင့်ပြုမလဲဆိုတာတော့ မသိသေးဘူး”ဟု မဇ္ဈိမကို ပြောသည်။ နိုင်ငံတကာသို့ အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြုရာတွင် မိနစ်အကန့်အသတ်မရှိဘဲ ၂၄ နာရီပတ်လုံး အချိန်မရွေးခေါ်ဆို ခွင့်ပြုထားမည်ဖြစ်သည်ဟုလည်း VMG Telecom ၏ အထွေထွေ မန်နေဂျာ ဦးအောင်မင်းသိန်းက ပြော သည်။
ဦးအောင်မင်းသိန်းက “၂၄ နာရီ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်အောင် လုပ်ပေးထားမယ်။ အထူး သဖြင့် နိုင်ငံတကာ ဧည့်သည်တွေအထွက် အဓိကထားပေးတာပါ။ ဆီးဂိမ်းကျင်းပရာနိုင်ငံတွေမှာ ဒီလို နိုင်ငံတကာကို ဖုန်းအခမဲ့ခေါ်ဆိုနိုင်အောင် လုပ်ပေးတာမျိုး မရှိဖူးဘူးလေ။ အခုလို ဆီးဂိမ်းပြိုင်ပွဲ ကြီးမှာ ဒီလိုလုပ်ပေးရင် ဧည့်သည်တွေ အတွက်လည်း အဆင်ပြေမယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း တိုးတက်လာစေနိုင်တယ်လေ”ဟု ပြောသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားကျေးရွာများနှင့် ပြိုင်ပွဲ ကျင်းပရာနေရာများတွင် Wifi အခမဲ့ အသုံးပြုနိုင်ရန်လည်း စီစဉ်ထားသည်။
Mizzima - News in Burmese
No comments:
Post a Comment