Pages

Tuesday, October 29, 2013

စင်ကာပူနှင့် မလေးရှားလေကြောင်းလိုင်းများ နေပြည်တော် လေဆိပ်သို့ တိုက်ရိုက်ပြေးဆွဲရန်ရှိ

29.10.2013 သီဟကိုကို

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စင်ကာပူနှင့် မလေးရှားလေကြောင်းလိုင်းတို့မှ တိုက်ရိုက် ပျံသန်းပြေးဆွဲရန် အဆိုပြုလွှာတင်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဇင်ယော် က ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၈ ရက်က ပြောသည်။

လက်ရှိတွင် နေပြည်တော်လေဆိပ်သို့ Bangkok Airways လေကြောင်းလိုင်းမှ စက်တင်ဘာ ၃၀ ရက် မှစတင်ကာ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် နေပြည်တော်-ဘန်ကောက်သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲလျက် ရှိပြီး Thai Air Asia လေကြောင်းမှ နိုဝင်ဘာ ၁၁ ရက်တွင် တစ်ပတ်ခုနစ် ကြိမ်ဖြင့် နေပြည်တော် -ဘန် ကောက် သို့ စတင်ပျံသန်းသွားရန်ရှိကြောင်း ၀န်ကြီးက ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဇင်ယော်က “စင်ကာပူနဲ့ မလေးရှားက လေကြောင်း လိုင်း တွေကို နေပြည်တော်လေဆိပ်ကို တိုက်ရိုက်ပြေးဆွဲဖို့ အဆိုပြုထားတာရှိတယ်။ ဆက်လက် ပြီးတော့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ တိုက်ရိုက်ပြေးဆွဲဖို့ကို ဖိတ်ခေါ်သွားပါမယ်”ဟု ပြောသည်။

နေပြည်တော်လေဆိပ်အား ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် သတ် မှတ်ထားသော် လည်း ပြည်တွင်းလေကြောင်း ပျံသန်းပြေးဆွဲမှုများ သာရှိပြီး ပြည်ပလေကြောင်းလိုင်း Bangkok Airways သာ နေပြည်တော်-ဘန်ကောက်သို့ တိုက်ရိုက်ပြေးဆွဲလျက်ရှိသည်။

ဒိုက်ဦးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေကိုယ်စား အုတ်တွင်းမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမြင့်က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် နိုင်ငံ တကာ လေကြောင်းလိုင်း၏ လေယာဉ်များဆင်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး ဒုတိ ယ၀န်ကြီးက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment