Pages

Monday, October 21, 2013

မြိတ်ကျွန်းစုအတွင်း ပင်လယ်ရေမှော် စီးပွားဖြစ် စိုက်ပျိုးနိုင်မှု နည်းပါးသွားပြီး မျိုးထိန်းနေရသည့် အနေအထား ဖြစ်နေ

မြိတ်ကျွန်းစုတွင် ပင်လယ်ရေမှော် စိုက်ပျိုးနေသူများကို တွေ့ရစဉ်

  Monday, October 21, 2013

မြိတ်ကျွန်းစုအတွင်း လွန်ခဲ့သည့် ခြောက်နှစ်ခန့်မှ စတင်ကာ စီးပွားဖြစ် စိုက်ပျိုးခဲ့သော ပင်လယ်ရေမှော် များမှာ ယခုအခါ စီးပွားဖြစ် စိုက်ပျိုးနိုင်မှု နည်းပါးသွားပြီးမျိုးထိန်းနေရသည့်အနေအထား ဖြစ်နေကြောင်း သိရသည်။

ပင်လယ်ရေမှော် Seaweed များကို စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကိုရီးယား ကုမ္ပဏီ တစ်ခုမှ ဒေါ်လာသန်းချီ၍ လာရောက်ရင်းနှီး မြုပ်နှံခဲ့ကြောင်း သိရသည်။ ပင်လယ်ရေမှော်များ စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ဒေသခံများနှင့် ရေမှော်လာရောက် စိုက်ပျိုးသူများကို ထောက်ကူပစ္စည်းများနှင့် နည်းပညာများကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။ထွက်ရှိလာသော ရေမှော်အခြောက်များကို ပြန်လည်ဝယ်ယူကာ ပြည်ပသို့ ကုန်ကြမ်းအနေထားအဖြစ် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

"ပင်လယ်ရေမှော်က အခုဆိုရင် စိုက်ပျိုးသူတွေ မရှိသလောက် ဖြစ်သွားပြီ ကုမ္ပဏီ အနေနှင့် မျိုးထိန်းတာတွေ လုပ်ထားတာလောက်ပဲ ရှိတယ်။ ဒေသခံတွေနှင့် ပုဂ္ဂလိကပိုင်းကတော့ စိုက်တဲ့သူတွေ မရှိသလောက် ဖြစ်သွားပြီ ရေတပ်စခန်းတွေမှာတော့ စိုက်ပျိုးထားတာ ရှိတယ်။ အရင်လုပ်ခဲ့တဲ့ ကျွန်းတွေနားမှာတော့ မရှိကြတော့ဘူး။ ဆုံးရှုံးမှုတွေများလို့ နားကုန်ကြတာ ဖြစ်တယ်" ဟု ပင်လယ်ရေမှော် စိုက်ပျိုးခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

ပင်လယ်ရေမှော်များကို မြိတ်ကျွန်းစု အတွင်းရှိ ဒုံးကျွန်းတန်း တစ်လျှောက်နှင့် ကျွန်းများတွင် အများဆုံး စိုက်ပျိုးခဲ့ပြီး ပြင်စဘုကျွန်း အနီးတွင်လည်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပင်လယ်ရေမှော်များမှာ ရေငန်ပါဝင်နှုန်းများသည့် ရေပြင်များနှင့် လှိုင်းလေကွယ်သည့် နေရာများတွင် စိုက်ပျိုးနိုင်ရာ ဒုံးကျွန်းအနီး ရေပြင်မှာ စိုက်ပျိုးရန် သင့်တော်သောကြောင့် အများအပြား စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

"ဒီနေရာတွေက အခုစိုက်လို့ မရတော့ဘူး ရေငန်တက်ပေမယ့် မယ်တော်လက်သည်းငါးတွေ အုပ်လိုက်ရေမှော်တွေကို ၀င်စားတာတွေ၊ ရေမှော်ပင် အနာကျတာတွေ ဖြစ်နေပါတယ်။ ရာသီဥတုကလည်း မမှန်တော့ ငါးအုပ်တွေ ခဏခဏ ၀င်တယ်။ အပင်တွေကလည်း သက်တမ်းကုန်လာတဲ့သဘော ဖြစ်နေပြီး စိုက်လို့မရှင်သန်နိုင်တော့ဘူး ရေမှော်စိုက်တဲ့သူတွေ အတော်များများ အရှုံးပေါ်ပြီး အခုဆို လုပ်ငန်းပြောင်းသွားကြပြီ" ဟု ရေမှော်စိုက်သူမှ ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment