Pages

Monday, October 21, 2013

ကြေးပိဿာချိန် နှစ်သိန်းနှစ်သောင်းငါးထောင် ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး နိုဝင်ဘာလအတွင်း သွန်းလုပ်မည်

         ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ရန်အတွက် ပန္နတင် အခမ်းအနား ပြုလုပ်နေစဉ် 

 Monday, October 21, 2013

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ဓမ္မ မဏ္ဍိုင် ခေါင်းလောင်း တော်ကြီး သွန်းလုပ်ရန်နေရာ ပန္နက်တင် အခမ်းအနား ကို မြောင်းမြ မြို့ မြစိမ်းရောင်တောင်ပေါ်ရှိ ဆင်ဖြူတောင် အနီးတွင် သီတင်းကျွတ် လပြည့်နေ့၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ခေါင်းလောင်းကြီးဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ ခေါင်းလောင်းသွန်းလုပ်မည့် ဗိသုကာ ပညာရှင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး ပန္နက်ရိုက်ပေး ခဲ့ကြကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို မြစိမ်းရောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿ ရိယ၏ တပည့်သာဝကများက ဦးဆောင်သွန်းလုပ်မည်ဖြစ်ပြီး သွန်းလုပ်မည့် ဗိသုကာ လက်ရာရှင်များ အဖြစ် စကြ၀ဠာပန်းတဉ်း ပညာရှင်များ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို အောက်ခြေအကျယ် ၂၃ ပေ၊ အမြင့် ၂၇ ပေ၊ ခေါင်းလောင်းတိုင် ကိုးပေ ၊ ခေါင်းလောင်း ကြီး ပုစွန်တုပ်ကွေးကိုးပေ စုစုပေါင်းအမြင့် ၄၅ ပေ သွန်းလုပ်သွား မည်ဖြစ်ပြီး ခေါင်းလောင်းဆွဲ ပုစွန်တုပ်ကွေးတွင် နတ်သိကြား တစ်ဖက်တစ်ပါးစီ ပူဇော်နေပုံကို ထုဆစ်ပူဇော်မည်ဖြစ်ပြီး ခေါင်းလောင်းကြီး ကိုယ်ထည်ပတ်လည်တွင် သစ္စာလေးပါး တရားတော်ကို ထွင်းထုပူဇော် သွားမည်ဖြစ်ကြောင်း ခေါင်းလောင်းကြီး ထိုးပူဇော်ရန် ခေါင်းလောင်းထိုးတံကို ငါးမျိုးပြု လုပ်မည်ဟု ခေါင်းလောင်းကြီး သွန်းလုပ်ရာတွင် ဦးဆောင်သူ မြန်မာ့မှုကြေးသွန်း ပညာရှင် ဦးချိုချို က ပြောကြားသည်။

"ခေါင်းလောင်းကို နောက်လထဲမှာ ပထမ မှာထားတဲ့ ကြေးပိဿာ တန် ၂၀ ရောက်တာနဲ့ စတင်သွန်းလုပ်မယ်၊ ပထမဆုံး သံဖရိန်ဆင်ပြီး မြေပုံကြမ်းလုပ်မယ် ပြီးရင်ဖယောင်းတင်ပြီး ဖယောင်းချောမယ် ပြီးမှစတင် သွန်းလုပ်မှာ၊ သွန်းလုပ်ဖို့ ကြာမြင့်ချိန်ကတော့ လပေါင်း ၃၀ လောက် ကြာမယ်၊ မြန်မာမှုလက်ရာနဲ့ မြန်မာ့ကြေးသွန်း နည်းပညာနဲ့ပဲ ပြုလုပ်သွားမယ် လက်ရာကတော့ ရတနာပုံခေတ် လက်ရာနဲ့ သွန်းလုပ်မှာပါ၊ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် မြန်မာနိုင်ငံမှာ သွန်းလုပ်မယ့် ဓမ္မမဏ္ဍိုင် ခေါင်းလောင်းကြီးကို သွန်းလုပ်ခွင့် ရတဲ့အတွက်လည်း အရမ်းဂုဏ်ယူတယ်" ဟု ခေါင်းလောင်းကြီး သွန်းလုပ်မည့် ကြေးသွန်းဗိသုကာ ပညာရှင်အဖွဲ့မှ ဦးချိုချိုက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment