Pages

Monday, October 28, 2013

ဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃၀ ရခိုင်ကမ်းခြေမှာ ဖမ်းမိ

28-10-2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလာတဲ့ စက်လှေတစ်စီးပေါ်က လူ ၃၀ လောက်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ မနေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဒေသလုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစက်လှေဟာ မလေးရှားနိုင်ငံဖက်ကိုဦးတည်သွားတဲ့စက်လှေဖြစ်ပြီး မနေ့က ပင်လယ်ပြင်မှာ ရာသီဥတုဆိုးဝါးနေတဲ့အတွက် ကမ်းကပ်လာစဉ် ဖမ်းဆီးရမိတာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူးဦးမောင်ကြီးက RFA ကိုပြောပါတယ်။

အဲဒီစက်လှေပေါ်မှာ လူ ၁၅၀ လောက်ပါကြောင်းနဲ့ ကျန်သူတွေကတော့ လှေကမ်းကပ်စဉ် ထွက်ပြေး လွတ်မြောက် သွားကြောင်းလည်း စခန်းမှူးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိပြီး အဲဒီဒုက္ခ သည် စခန်းကနေ လှေတွေနဲ့ မလေးရှားနိုင်ငံဖက်ကို မကြာခဏထွက်လေ့ရှိပါတယ်။

အခုဖမ်းဆီးမိသူတွေဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလားဆိုတာတော့ အတည်ပြု နိုင်ခြင်းမရှိပါဘူး။


RFA

No comments:

Post a Comment