Pages

Sunday, October 13, 2013

တတ်လဲတတ်နိုင်ပါ့ ဂါဂါရယ်


Sunday, October 13, 2013

ပေါ့ပ်ဘုရင်မ လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ အိပ်စက်နိုင်ဖို့အတွက် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း သုံးစွဲခဲ့ကြောင်း contact music.com မှာ ဖော်ပြထားပါတယ်။

လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အထူးပြုလုပ် ထားတဲ့ အိပ်ရာခင်းတစ်ခုကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့သလို အဲဒီအိပ်ရာခင်းကို သန့်ရှင်းရေးလုပ်ဖို့ အတွက် ငွေကြေး များစွာ သုံးစွဲခဲ့ရာမှာ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
“သူက အကောင်းစားချည်နဲ့ လုပ်ထားတဲ့ ပန်းရောင် Pratesi အိပ်ရာခင်းနဲ့ပဲ အိပ်တတ်ပါတယ်။ ပြီးတော့ သူအိပ်တဲ့ အိပ်ရာခင်းကို ရေနဲ့ လျှော်တာ ကိုလည်း မကြိုက်ပါဘူး။ အခြောက်လျှော်တာကိုပဲ သဘောကျတာပါ” လို့ လေဒီဂါဂါနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။
“သူက သူ့အိပ်ရာခင်းကို ထိန်းသိမ်းတဲ့ သူတွေအပေါ်မှာ နည်းနည်းတော့ ဇီဇာကြောင်တတ်ပါတယ်။ အဲဒါကြောင့် သူဘယ်သွားသွား သူ့အိပ်ရာကို အမြဲအခြောက် လျှော်ပေးနေကျ ဝန်ထမ်းတွေကို တတ်နိုင်သမျှ ခေါ်သွားလေ့ ရှိပါတယ်” လို့လည်း အဆိုပါ လေဒီဂါဂါနဲ့ ရင်းနှီးသူက ဆိုပါတယ်။

လေဒီဂါဂါဟာ ဘယ်ကိုပဲရောက်ရောက် အိမ်မှာနေရတဲ့ ခံစားမှုမျိုးကို ရချင်သူဖြစ်ပြီး သူသောက် လေ့ရှိတဲ့ လက်ဖက်ရည်ခွက်နဲ့ အောက်ခံ ပန်းကန်ပြားကို သွားလေရာ ယူသွားလေ့ ရှိတယ်လို့ ယခင်ကလည်း ထုတ်ဖော် ပြောကြားဖူးပါတယ်။

The Voice Weekly

No comments:

Post a Comment