အလုပ်မှပြန်လာသော မိန်းကလေးအား ကိုယ်ထိလက်ရောက်အနိုင်ကျင့်သူ ဖမ်းဆီးအရေးယူ
Sunday, October 13, 2013
၁၁-၁၀-၂၀၁၃ ရက်နေ့ ၂၁၄၅ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊
မင်္ဂလာတောင်ညွန့်မြို့နယ်နေ မxxxx(၂၂)နှစ်သည် ကရ၀ိတ်ဟိုတယ်မှ
နေအိမ်သို့ပြန်လာစဉ် တာမွေမြို့နယ်၊ စက်ရုံလမ်း မှောင်ရိပ်ခို အရောက်၌
တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်နေ ဖြိုးမင်းထွန်း(၂၂)နှစ် က နောက်မှ
လိုက်လာပြီး ““ဘယ်သွားမှာလဲ၊ တစ်ယောက်တည်းလား၊ လိုက်ပို့ပေးရမလား”” ဟု စိတ်အနှောက် အယှက်ဖြစ်အောင်ပြောဆိုခဲ့သည်။ ထို့နောက် မxxxx က ““နင်နဲ့ဘာဆိုင်လဲ၊ ကိုယ့်လမ်း ကိုယ်သွား”” ဟု ပြောဆိုကာ လက်ကိုင်ဖုန်းဆက်ရန်ပြုလုပ်နေစဉ်
၎င်းအမျိုးသားက မxxxx၏ပခုံးအား ယာလက်ဖြင့် သိုင်းဖက်ထားပြီး
လည်ပင်းအားညှစ်သဖြင့် ရုန်းကန်၍အော်ဟစ် အကူအညီ တောင်းခံသည့် အတွက်
ဆောင့်တွန်းလိုက်ရာ လမ်းပေါ်သို့ ပက်လက်လှန်လဲကျသွားခဲ့သည်။
ထိုသို့လဲကျမှုကြောင့် မxxxxတွင် ကျောကုန်းနာကျင်၊ ၀ဲဘက်တံတောင်ပွန်းပဲ့၊
လည်ပင်းဒဏ်ရာ များရရှိခဲ့သဖြင့် ဖြိုးမင်းထွန်းအား
တာမွေမြို့မရဲစခန်း(ပ)၄၄၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment