Pages

Thursday, October 17, 2013

အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များကို တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် မေးခွန်းများသာ ကြယ်ပွင့်ပြ မေးခွန်းအဖြစ် လွှတ်တော်၌ မေးမြန်းခွင့်ပြုမည်

Thursday, October 17, 2013

တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် မေးခွန်းများသာ အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များကို ကြယ်ပွင့်ပြ မေးမြန်းခွင့် ပြုမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရေးရာ ကော်မတီများနှင့် လွှတ်တော် အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက The Daily Eleven သို့ ပြောကြားသည်။

လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်မှ မိမိသိရှိလိုသည့် အချက်များအား ကြယ်ပွင့်မပြ မေးခွန်း လွှတ်တော်ရုံးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ မေးမြန်းရာတွင် သက်ဆိုင်သည့် ၀န်ကြီးဌာနမှ မေးမြန်းသည့် ကိုယ်စားလှယ် တစ်ဦးတည်းထံသို့ စာဖြင့် ပြန်လည် ဖြေကြားခြင်းစနစ်နှင့် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းပါက ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်)ဒုတိယ၀န်ကြီးက လွှတ်တော်သို့ လာရောက်ဖြေကြားသည့် စနစ်ဟူ၍ ခွဲခြားထားရာ ဒေသတစ်ခုတည်းနှင့် သက်ဆိုင်သည့် မေးခွန်းများကို ကြယ်ပွင့်မပြ မေးမြန်းရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခု ပြုလုပ်လျှက်ရှိသော အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းထားမှုမှာ မေးခွန်း ၁၀၀ ကျော်ရှိပြီး လွှတ်တော်အုပ်ချုပ်မှုအဖွဲ့မှ ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြဟူ၍ ခွဲခြားကာ ပြည်ထောင်စု အစိုးရသို့ ပေးပို့ထားပြီး မေးခွန်းများ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း . . .

"မေးခွန်းဟာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ဟာဆိုရင်တော့ ကြယ်ပွင့်ပြမေးခွန်း အဖြစ်နဲ့ ခွင့်ပြုဖို့ အဲဒီလို မဟုတ်ဘဲနဲ့ ဒေသလေးတစ်ခုရဲ့ လုပ်ငန်းလေးတစ်ခုပေါ့။ ကျောင်းလေးတစ်ကျောင်း အဆင့်တိုးတာတို့ တံတား သေးသေးလေးတစ်စင်း ဆောက်တာတို့ကျတော့ Local ခေါ်တာပေါ့။ ဒေသဆိုင်ရာ မေးခွန်းတွေကျတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက လုပ်လို့ရတယ်လေ။ အဲဒါမျိုးဆိုရင် သက်ဆိုင်ရာကို ကြယ်ပွင့်မပြဘဲ စာနဲ့မေးဖို့ ဆိုပြီးတော့ အုပ်ချုပ်မှုအဖွဲ့က ဆုံးဖြတ်ထားတယ်။ ကြယ်ပွင့်ပြပြီး မမေးဘဲ ကြယ်ပွင့်မပြမေးလို့ ရပါတယ်။ အချိန် သိပ်မကုန်တော့ဘူးပေါ့"ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြားသည်။

လက်ရှိ ပြုလုပ်လျှက်ရှိသော ပထမအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးများတွင် ပြီးခဲ့သည့် အမျိုးသား လွှတ်တော်အစည်းအဝေးများ၌ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းထားပြီး ၀န်ကြီးဌာနများမှ ဖြေကြားရန် ကျန်ရှိနေသည့် မေးခွန်းများအား ဖြေကြားမှု အစီအစဉ်များ ပြုလုပ်နေခြင် ဖြစ်ကြောင်းနှင့် အဆိုတင်သွင်းမှုမှာမူ အဆိုသစ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုပြုလုပ်လျှက်ရှိသော အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်းထားမှုမှာ မေးခွန်း ၁၀၀ ကျော်ရှိပြီး လွှတ်တော် အုပ်ချုပ်မှုအဖွဲ့မှ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြဟူ၍ ခွဲခြားကာ ပြည်ထောင်စု အစိုးရသို့ ပေးပို့ထားပြီး မေးခွန်းများ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

"မေးခွန်းတွေနဲ့ ပတ်သက်လို့ လွှတ်တော်အစည်းအဝေး အစီအစဉ်မှာထည့်ဖို့ကို ၀န်ကြီးဌာနနဲ့ ညှိရတယ်။ ၀န်ကြီးဌာနက အဖြေရမှ ဒီမှာလည်း အစီအစဉ်ထဲထည့်ပြီး ဆောင်ရွက်ရတာပါ။ အခု မေးခွန်း အသစ်တွေအတွက် အဖြေတွေ မရသေးပါဘူး"ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment