Pages

Sunday, October 13, 2013

မန်ချက်စတာတွင် အလွန်ပျော်ရွှင်နေကြောင်း ဒေးဗစ်ဆေးလ်ဗား ပြောကြား


Sunday, October 13, 2013

ရီးယဲမက်ဒရစ်၏ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ချက်စတာစီးတီးနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် မန်ချက်စတာစီးတီး ကွင်းလယ်တိုက်စစ် ကစားသမား ဒေးဗစ်ဆေးလ်ဗားက မိမိသည် မန်ချက်စတာတွင် အလွန်ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့သည်။

စပိန်လက်ရွေးစင် ကစားသမားသည် ၂၀၁၀ ခုနှစ်က ဗလင်စီယာမှ မန်ချက်စတာသို့ ပြောင်းရွှေ့ လာခဲ့ပြီးနောက် စပိန်ထိပ်သီးအသင်း၏ စိတ်ဝင်စားမှုကို အကြိမ်ကြိမ် ခံခဲ့ရသူဖြစ်သည်။

ရီးယဲမက်ဒရစ်မှ ချိတ်ဆက်နေသည့် သတင်းများ ထွက်ပေါ်နေမှုအပေါ် ဆေးလ်ဗားက “ကျွန်တော် မန်ချက်စတာမှာ အရမ်းပျော်ပါတယ်။ မန်ချက်စတာမှာ နေထိုင်ရတဲ့ နှစ်တိုင်း ဒီလိုပါပဲ။ ကောလာဟ လတွေ အမြဲတမ်း ထွက်ပေါ်နေပေမယ့် ကျွန်တော်ကတော့ အေးအေးဆေးဆေးပါပဲ” ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် စပိန်အသင်းနှင့် နိုင်ငံတကာပွဲများ ကစားနေသည့် ဆေးလ်ဗားသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလက မန်ချက်စတာစီးတီးနှင့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့သည်။

၎င်းက “မန်ချက်စတာမှာ နေရတာ ပျော်တဲ့အတွက် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ” ဟု ပြောကြား သွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment