Pages

Monday, October 28, 2013

ချင်းပြည်နယ်အထက်တန်းကျောင်းများတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ပြီ

Monday, October 28, 2013

ချင်းပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ များ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ထည့်သွင်းချုပ်ဆိုခဲ့ ပြီးနောက် ဒိန်းမတ်အစိုးရ၏အကူအညီဖြင့် ချင်း အမျိုးသားတပ်ဦး(CNF)က ချင်းပြည်နယ် မြောက်ပိုင်း မြို့နယ် ငါးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကွန်ပျူတာနှင့် အင်တာနက်လိုင်း များ အကောင်အထည်ဖော် တပ်ဆင်ပေးနေကြောင်း သိရသည်။

ပထမသုတ်အနေဖြင့် ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊တွန်းဇံမြို့များရှိ အထက်တန်းကျောင်းများတွင် တပ်ဆင်ပေးခြင်း ဖြစ်ပြီး ဟားခါးမြို့ အထက-၁၊ ၂၊ ၃ တို့အတွက် ကွန်ပျူတာ ၁၈၄ လုံး၊ တီးတိန်မြို့အထက-၁ နှင့် ၂ တို့အတွက် ၁၃၅ လုံး၊ ထန်တလန်မြို့ အထက ကျောင်း အတွက် အလုံး ၄ဝ၊ တွန်းဇံမြို့အထက ကျောင်းအတွက်အလုံး ၃ဝ နှင့်ဖလမ်းမြို့ အထက-၁ နှင့် ၂ အတွက် ကွန်ပျူတာအလုံး ၁ဝဝ စသည်ဖြင့် ခွဲတမ်းချမှတ်ကာအင်တာနက်အသုံးပြုနိုင်ရန် Satellite Internet များကိုလည်း တပ်ဆင်ပေးထားကြောင်း၊ ဒုတိယသုတ်အနေဖြင့် ချင်းပြည် နယ် တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်မှ အထက်တန်းကျောင်း များတွင် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အထက်တန်းကျောင်းများတွင် ကွန်ပျူတာ၊ အင်တာနက် များ တပ်ဆင်ပေးနိုင်ရန် ယခုနှစ်မေ ၃၁ ရက်က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်နှင့်ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဗန်ကောက်မြို့တွင် တွေ့ဆုံ ဆွေးနွေးကာ နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရ ချင်းပြည်နယ် အထက် တန်းကျောင်း ၃ဝ တွင် ကွန်ပျူတာ ၉ဝ၃ လုံး၊ ဂြိုဟ်တုစနစ်အင်တာနက် ၃၅ လုံး၊ မီးစက်နှင့် ဒိုင်နမို အလုံး ၃ဝ အတွက် ဒိန်းမတ်အစိုးရက ထောက်ပံ့ ကူညီခဲ့ပြီး ကွန်ပျူတာ တပ်ဆင်မှုလုပ်ငန်းကို တင်ဒါရရှိထားသော စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့အခြေစိုက် သစ္စာဦး ကုမ္ပဏီက လုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment