Pages

Wednesday, October 16, 2013

နိုင်ငံခြားသား လုံခြုံရေး အာမခံပေးရန် တောင်းဆို

၁၆.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ပြည်တွင်းသို့လာရောက်မည့် နိုင်ငံခြားသား ခရီးသွားများ၏ ဟိုတယ်လုံခြုံရေး တရားဝင် ကြေညာချက်ထုတ်ပြန်ပေး ရန်နှင့် အာမခံမှုပေးရန် ဟိုတယ်နှင့်
ခရီးသွားဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီးမှ တဆင့် တောင်းဆိုကြောင်း ပြည်တွင်းရှိ ခရီးသွား လုပ်ငန်းရှင်များက ပြောကြားသည်။

ကြယ်ငါးပွင့်အဆင့်ရှိ Trader ဟိုတယ် ဗုံးပေါက်ကွဲမှုနောက်ဆက်တွဲအကျိုး ဆက်ကြောင့် နိုင်ငံခြားခရီးသည်တချို့က မြန်မာနိုင်ငံသို့ လာရောက်ရန် ဟိုတယ်များတွင် ကြိုတင်စာရင်းသွင်းထားမှုများကို ပယ်ဖျက်လာကြကြောင်း၊
ယင်း အခြေအနေကြောင့် ခရီးသွားလုပ်ငန်းရှင်များ အခက် အခဲတွေ့နေရကြောင်း ပတ္တမြားမြေ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ဆိုသည်။

“ ဒီကိုလာမယ့် ခရီးသွားတွေက ဟိုတယ် BookingCancel လုပ်တော့မယ်။ ဟိုတယ်တွေက ငွေ ပြန်မအမ်းဖူး။ အဲဒီ တော့ နိုင်ငံခြားသားတွေအမြင်မှာ မြန်မာနိုင်ငံကဟိုတယ်တွေ အဆင့်တန်းကျလာမယ်” ဟု ၎င်းကဆိုသည်။

ခရီးသွားလုပ်ငန်းရှင်များ၏အခက်အခဲနှင့်ပတ်သက်၍အောက်တိုဘာလ ၁၇ရက်နေ့တွင် တွေ့ဆုံဆွေးနွေး ပေးမည်ဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ရွှေ ကပြောကြားသည်။

“လုံခြုံရေးအရ ဆီးဂိမ်းအတွက် ဟိုတယ် အလုံး ၃၀ကိုလာစစ်ပါမယ်။ ပူးပေါင်းဆောင်ရွက်ပေးပါ ” ဟု ၎င်းကဆိုသည်။

Trader ဟိုတယ် လုံခြုံရေးနှင့် အခန်းဝန်ဆောင်မှုမှာညံဖျင်းခဲ့ပြီး၊ ဟိုတယ်များအနေဖြင့် ဧည့်သည်များ တည်း ခိုပြီး နောက် ပြန်သွားလျှင် အခန်းကို သေသေချာချာ သန့်ရှင်းရေးလုပ်သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဟိုတယ်တစ်ခုဖြစ်သောကုန်သည်ကြီးများ ဟိုတယ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့်နိုင်ငံ ခြားမှ ခရီးသွား ဧည့်သည်များ ခရီးစဉ်ပယ်ဖျက်မှုများရှိလာကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များက တညီတညွတ်ထဲ ပြောကြားသည်။

၂၀၁၂ခုနှစ်တွင် နိုင်ငံခြားခရီးသွားစံချိန်မှာ ၁ဒသမ ၀၆သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၁ဒသမ ၈သန်းနှင့် ၂သန်းဝန်းကျင်ခန့် ခရီးသွားများ ဝင်ရောက်ရန်မျှော်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

ရေးသားသူ-ဇေနွေထွန်း
People power

No comments:

Post a Comment