Pages

Wednesday, October 16, 2013

ရန်ကုန်ဆီးဂိမ်းပွဲများကို ရဲမှူးကြီးခြောက်ဦးက ကြီးကြပ်ကွပ်ကဲကာ လုံခြုံရေးအပြည့်ယူသွားမည်


Wednesday, October 16, 2013

ရန်ကုန်မြို့၌ ကျင်းပမည့် အား ကစားနည်းခြောက်မျိုးနှင့် ဘော လုံးပြိုင်ပွဲအုပ်စုပွဲစဉ်များ လုံခြုံ ရေးအတွက် ရဲမှူးကြီးခြောက်ဦး မှဦးစီးကာ ကြီးကြပ်ကွပ်ကဲမည် ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော ကြားလိုက်သည်။အားကစားနည်းခြောက် မျိုးနှင့် ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် များအတွက် ရန်ကုန်တိုင်းဒေသ ကြီးမှ ရဲမှူးကြီးဇော်ခင်အောင်၊ ရဲမှူးကြီးမြင့်အေး၊ ရဲမှူးကြီးကျော် ဆွေ၊ ရဲမှူးကြီးသိန်းအောင်၊ ရဲ မှူးကြီးဝင်းညို၊ ရဲမှူးကြီးသက် လွင်တို့ကို တာဝန်ပေးထားသည်။

ယင်းအပြင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့် ဆွေက ''အကြမ်းဖက်သူတွေ အနေနဲ့ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံး အောင်၊ နှောင့်နှေးအောင်ဆောင် ရွက်နေပါတယ်။ ဒီလိုမျိုးဖြစ် အောင် ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေ အများကြီးပါ။ ရန်ကုန် မြို့လယ်ကောင်က ကုန်သည် ကြီးများဟိုတယ်ဗုံးပေါက်ကွဲတဲ့ တရားခံကို ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး စစ်ဆေးရာမှ ဝန်ခံပြီးသွားပြီ''ဟု ၎င်းက ပြော သည်။

ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ကာ နိုင်ငံတော် သမ္မတအပါအဝင်ဖိတ်ကြားခံ ပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံမှ ဝန် ကြီးအများအပြားလာရောက် မည်ဖြစ်ရာ ယင်းတို့၏လုံခြုံ ရေးအတွက် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တာဝန်ယူ ထားသူများဖြင့်သာ ဖွင့်ပွဲအခမ်း အနားကို ကျင်းပမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ အား ကစားဝန်ကြီးပြည်ထောင်စုဝန် ကြီးဦးတင့်ဆန်းက''ဆီးဂိမ်းပြိုင် ပွဲကျင်းပသူတွေနဲ့ တာဝန်ရှိတဲ့ သူတွေနဲ့ပဲ ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပဖို့ စီစဉ် ထားပါတယ်။ ပရိသတ်တွေအနေ နဲ့ တီဗွီအစီအစဉ်နဲ့( LED )ဘုတ် တွေကနေ ကြည့်ရှုရမယ်''ဟု ၎င်းက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေရာလေးခုတွင် ရဲတပ်ရင်း (၂၆) ရင်းထားရှိမည်ဖြစ်ကာ လုံခြုံ ရေးအင်အား ၂၀၀၀၀ ဝန်းကျင် ဖြင့် လုံခြုံရေးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment