Pages

Wednesday, October 23, 2013

KIA မှ ဗုဒ္ဓဆင်းတုတော်များနှင့် ဘုရားသမိုင်းကျောက်စာများအား ဖျက်ဆီးခဲ့မှုအပေါ် ဒေသခံ ရှမ်းတိုင်းရင်းသား များက မကျေမနပ်ဖြစ်နေ


23-10-2013 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ်ခွဲ၏ တောင်ဘက် တောင်ပေါ်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ တည်ထား ကိုးကွယ်ထားသော သကျမုနိဆုတောင်းပြည့်ဘုရားရှိ ဗုဒ္ဓဆင်းတုတော်များ၊ ရှင်သီဝလိရုပ်ပွားတော်၊ ဘုရားသမိုင်း ကျောက်စာ များနှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ါရိန္ဒ၏ အသုံးအဆောင်ပစ္စည်များအား စက်တင်ဘာလကုန်ပိုင်းတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ဝင်များမှ လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း ယင်းဒေသခံ ရှမ်းတိုင်းရင်းသား များထံမှ သိရသည်။

“ သကျမုနိဆုတောင်းပြည်ဘုရား နေ့နံထောင့်တွေက ဗုဒ္ဓဆင်းတုတော် ၈ ဆူ ၊ စေတီတော်မှာရှိတဲ့ ဗုဒ္ဓဆင်းတုတော် ၅ ဆူ စုစုပေါင်း (၁၃) ဆူပေါ့၊ ပြီးတော့ ရှင်သီဝလိ ရုပ်ပွားတော်တစ်ဆူနဲ့ ဘုရားသမိုင်းကျောက်စာတွေလည်း ပါသွားတယ်၊ ဒီ ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန် ပိုင်းလောက်မှာ KIA တပ်ဖွဲ့ဝင်တွေလာပြီး ဖျက်ဆီးသွားတာပါ၊ ဒီမှာနေတဲ့ ဒေသခံရှမ်း လူမျိုးအားလုံးက မကျေမနပ် ဖြစ်နေကြတာပဲ ” ဟု မြို့ခံရှမ်းတိုင်းရင်းသားတစ်ဦးက ပြောပြသည်။

၂၀၁၁ ခုနှစ် ဇွန်လပိုင်းတွင် KIA အဖွဲ့မှ ဆရာတော်များ၊ ဒေသခံလူထုများ တောင်ပေါ် ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင် သို့မလာနိုင်ရန် မိုင်းများထောင်ထားသောကြောင့် ၎င်းနေရာသို့ ဖြတ်သန်းသွားလာခြင်း မပြုရဲတော့ကြောင်း ၊ ကျောင်းထိုင် ဆရာတော် မှာလည်း တစ်ဖက်တရုတ်နိုင်ငံ ကျင်းဖုန်းမြို့ရှိ ဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့သတင်းသုံးနေထိုင်ခဲ့ရ ကြောင်း သိရှိရသည်။

“ ဘုန်းကြီးကျောင်းကို ဘယ်သူမှ မလာရဲအောင် KIA က မိုင်းတွေထောင်ပြီး ခြောက်လှန့်တယ်၊ ဆရာတော်လည်း မနေရဲ တော့တဲ့အတွက် အခွင့်ကောင်းယူပြီး KIA အဖွဲ့က အခုလို ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးပစ်တာပါ၊ ကျွန်တော်တို့ ဒေသခံ ရှမ်းတွေကိုးကွယ်ယုံကြည်တဲ့ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရတာကိုတော့ လုံးဝမကျေနပ်ပါဘူး၊ သူတို့ မကိုးကွယ်လည်း ဘာသာရေးအဆောက်အဦးတွေနဲ့ ဘုရားကျောင်းကန်တွေကိုတော့ မဖျက်ဆီးသင့်ဘူးလေ ” ဟု၎င်းမြို့ခံ က ဆက်လက်ပြောပြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွယ်ဂျယ်မြို့နယ်ခွဲရှိ ဒေသခံ ၀န်ထမ်းတစ်ဦးအား မေးမြန်းကြည့်ရာ “KIA ရဲ့အခုလို လုပ်ရပ်ဟာ အစွန်းရောက်သွားပါပြီ၊ အာဖဂန် နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဘာသာရေး အဆောက်အဦးတွေကို မွတ်ဆလင်အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်တာ ကြားဖူးပါတယ်၊ KIA လည်း မွတ်ဆလင်အစွန်းရောက်တွေရဲ့ လမ်းစဉ် ကို လိုက်ပြီး ကိုယ်မကိုးကွယ်လည်း အခြားတိုင်းရင်းသားတွေကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေကို ဖျက်ဆီးရဲတာပေါ့၊ KIA ဗဟိုဌာနချုပ် လိုင်ဇာမှာ မွတ်ဆလင်အစွန်းရောက်အဖွဲ့တွေ ရောက်လာပြီး နောက်ပိုင်းမှ အခုဖြစ်စဉ်ဖြစ်သွားတာပါ၊ KIA ဟာ မွတ်ဆလင် အစွန်းရောက်တွေနဲ့ ပေါင်းပြီး၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာ ရှင်းနေတာပဲလေ၊ ဒေသခံရှမ်း လူမျိုးတွေ ကတော့ ဘုရားဆင်းတုတော်တွေနဲ့ ဘုရားသမိုင်းကျောက်စာတွေ ဖျက်ဆီးခံရလို့ အတော်လေး မကျေမနပ် ဖြစ်နေကြ တယ်လို့ ကြားတယ် ” ဟု ပြောကြားသွားပါသည်။

KIA အဖွဲ့မှ ဘာသာရေးနှင့် ပတ်သက်သော ဗုဒ္ဓဆင်းတုတော်များအပါအ၀င် အခြားအဆောင်အယောင်များအား ဖျက်ဆီး ခဲ့မှုအပေါ် ဒေသခံရှမ်းတိုင်းရင်းသားများက ကျေနပ်မှုမရှိသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြ တိုင်ကြား သွားရန် စီစဉ်နေကြကြောင်း ယင်းဒေခံ ရှမ်းတိုင်းရင်းသားအချို့၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်ခမ်း

No comments:

Post a Comment