Pages

Tuesday, October 22, 2013

တရားမဝင် သယံဇာတ ထုတ်ယူမှုများ KNU ထိန်းချုပ်မည်


22-10-2013

တရားမဝင် သယံဇာတထုတ်ယူ သုံးစွဲနေမှုများကို KNU အခြေ ချရာနေရာများတွင်ထိန်းချုပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း KNUဗဟိုအလုပ်အမှုဆောင်ပဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၂ဝ ရက်က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲအပြီးတွင် မီဒီယာ များနှင့်တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်က ''သယံဇာတတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေ တာတွေKNU ဗဟိုကော်မတီ က မရှိပါဘူး အောက်ခြေမှာတော့လုပ်ကိုင် ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒါတွေ ကိုလဲ ထိန်းချုပ်သွားဖို့ စီစဉ်ဆောင် ရွက်နေ ပါတယ်'' ဟု ပြောသည်။ ကရင်ပြည်နယ်တွင် သစ်တော သယံဇာတများ၊ ခနောက် စိမ်း၊ ထုံးကျောက်၊ ရွှေ၊ ဂေါ်ဒန်၊ ခဲမဖြုများလည်းထွက်ရှိကြောင်း သိရသည်။ ပဒိုစောငြိမ်းမောင်က ''ဖထီး တို့အနေနဲ့ စီးပွားရေးလဲ မလုပ် တတ်ပါဘူး။ အခုမှ စပြီး လေ့လာ နေတုန်း ပဲရှိပါတယ်။ သယံဇာတ ခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့ လဲ ငြိမ်းချမ်းရေးဆွေးနွေးပြီးမှ ဆက်လက်ဆွေးနွေး သွားမှာပါ'' ဟု ပြောသည်။

ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကချင်ပြည်နယ်ရှိလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် လည်း ကုမ္ပဏီများတည်ထောင် ကာ သယံဇာတထုတ်ယူသုံးစွဲနေ မှုများရှိကြောင်း သက်ဆိုင်ရာ ပြည်နယ်များရှိ အရပ်ဘက်လူ့အ ဖွဲ့အစည်းများက EITI နှင့်ပတ် သက်သော အောက်တိုဘာလ ဆန်းပိုင်း ကပြုလုပ်သော ဆွေး နွေးပွဲတွင် ပြောကြားချက်များအ ရ သိရသည်။

ယင်းနှင့် ပတ်သက်ပြီး တွင်း ထွက်သယံဇာတတူးဖော်ရေး စက် မှုလုပ်ငန်းများ ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦး က''နိုင်ငံတော်အနေနဲ့ တိုင်းရင်း သားတွေနဲ့ သယံဇာတခွဲဝေသုံး စွဲမှုနဲ့ ပတ် သက် ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်နေပါပြီ။ ယနေ့အ ထိတော့ ဆွေးနွေးတာတစ်စုံတစ် ရာမတွေ့ရသေးပါဘူး''ဟုပြော သည်။

KNU ၏တပ်မဟာခုနစ် ခုရှိပြီး ယင်းတို့ထိန်းချုပ်ရာနယ် မြေများမှာ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ တနသာင်္ရီတိုင်းနှင့် ပဲခူး တိုင်းများအတွင်းတွင်ရှိကြောင်း သိရသည်။ KNU ၏တပ်မဟာရှိရာ ဒေသများမှာ ကရင်ပြည်နယ်ဘား အံဒေသ တွင် တပ်မဟာ (၇)နှင့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီဒေသတွင် တပ်မဟာ(၆)၊ ဖာပွန်ဒေသတွင် တပ်မဟာ(၅)၊ မွန်ပြည်နယ်သထုံ တွင်တပ်မဟာ (၁)၊ တနင်္သာရီ တိုင်းဒေသကြီးအ တွင်း ဘိတ်၊ ထားဝယ်ဒေသတွင် တပ်မဟာ (၄)နှင့် ပဲခူး တိုင်း ဒေသ ကြီး အတွင်း တောင်ငူတွင် တပ်မ ဟာ(၂)၊ ညောင်လေးပင်တွင် တပ်မဟာ (၃)ဟူ၍ တပ်မဟာ ခုနစ်ခုရှိကြောင်း သိရသည်။

၁၉၈၈ခုနှစ် မတ်လတွင် ထိုင်း-မြန်မာနယ်စပ်၌ KNU လက်နက်ကိုင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး M 16 သေနတ်ကိုင်စွဲကာ ဆင်များသစ်ဆွဲနေသည်ကို စောင့်ကြပ်နေစဉ်။

 Photo : AFP
အောင်အောင် ၊လင်းအောင်
The Yangon Times

No comments:

Post a Comment