Pages

Tuesday, October 22, 2013

တရုတ်အကြီးစား စစ်လက်နက်ပစ္စည်းစက်ရုံ (နော်ရင်ကို) ထုတ်စစ်လက် နက်ပစ္စည်းများ


22-10-2013
တရုတ်နိုင်ငံမြောက်ပိုင်း အကြီးစားစစ်လက်နက်ပစ်္စည်းများ ထုတ်လုပ်ရေး ကော်ပိုရေရှင်း ““North China Industries Group Corporation” ” အတို ကောက် ““နော်ရင်ကို”” (NORINCO) သည် တရုတ်ပြည် သူ့လွတ် မြောက်ရေးတပ်မတော် အတွက်ခေတ်မီစစ်လက်နက် ပစ္စည်းများကိုထုတ် လုပ်နေသည့် ကော်ပိုရေးရှင်းတစ်ခုသာမက၊၎င်းင်း စက်ရုံများထုတ်စစ် လက်နက်ပစ်္စည်း များအား ကမ်္ဘာ့နိုင်ငံများသို့တင်ပို့ ရောင်းချနေသည့် စစ်ဘက်ဆိုင် ရာအကြီးစားစစ် ပစ်္စည်းထုတ် လုပ် ရေးကော် ပိုရေးရှင်းဖြစ်သည်။ အဆိုပါစစ်လက်နက်များကို အာရှ၊ အာဖရိက၊အရှေ့အလယ် ပိုင်းဒေသ များအပါ အ၀င်ဥရောပ နိုင်ငံအချို့သို့ပင်တင်ပို့ရောင်းချ လျက်ရှိသည်။

အဆိုပါကော်ပိုရေးရှင်းကို ၁၉၇၉ ခုနှစ်တွင်တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ စတင်ထူထောင်ခဲ့ သည်။ အဓိကဌာနကြီး ၄ခုနှင့် ဌာနခွဲ ၃၀၀ ကျော်ဖြင့် အကြီးစား၊ အလတ်စားစစ်လက်နက်ပစ်္စည်း များအပြင်လက်နက် ပစ်နှင့်ခဲယမ်း မီးကျောက်တို့ကိုပါထုတ်လုပ်လျက် ရှိသည်။ ဌာနကြီး ၄ ခုတွင်စစ် လက်နက်ပစ်္စည်းများထုတ်လုပ် ရေးဌာနကြီး၊ သုတေသနဌာန ကြီး၊ လေ့ကျင့်ပညာပေးရေးဌာန ကြီးနှင့်ကုန်သွယ်စီးပွားဌာနကြီးတို့ ဖြစ်သည်။အဆိုပါဌာနကြီးများ သည်သက်ဆိုင်ရာကဏ္ဍအလိုက် အကြီးစားစစ်လက်နက်ပစ်္စည်း များ (defence heavy duty equipment)၊ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်စရွန်းနစ်အာရုံ စနစ်သုံးထောက်လှမ်းရေး၊ ဆက် သွယ်ရေးဆိုင်ရာပစ္စည်းကိရိယာ များ (Optical-electronic information Technology) နှင့် အထက်ပါပစ်္စည်းများတွင်ထည့် သွင်းအသုံးပြုရမည့်ဓာတ်ပစ္စည်း များ (Special Chemicals) ကို သုတေသနပြုထုတ်လုပ်လျက်ရှိ သည်။
အများဆုံးထုတ်လုပ်ရောင်း ချသည့်စစ်လက်နက်ပစ္စည်းများ တွင် ကြည်း၊ရေ နှစ်သွယ်သွား သံချပ်ကာ ယန္တယားများ၊ တာဝေး ပစ်ဒုံးကျည်များ၊ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ၊ အမြောက်နှင့် သံချပ်ကာများ၊ တာဝေးနှင့်တောင်ပေါ်ပစ် အမြောက်ကြီးများ၊ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့သုံး စစ်လက်နက် များ၊ ညကြည့်မှန်ပြောင်း၊ ည ကြည့်ကိရိယာများ၊ တောတွင်း၊ တောင်ပေါ် စစ်မြေပြင်သုံး ၊ချေမှုန်း ရေးရိုင်ဖယ်များ၊ လက်နက်ကြီး လက်နက်ငယ်များနှင့်၎င်းတို့၏ ခဲယမ်းများကိုထုတ်လုပ်လျက်ရှိ သည်။ ထို့အပြင်တိုက်ခိုက်ရေး ရဟပ်ယာဉ်၊ စစ်မြေပြင် အင်ဂျင်နီယာသုံးယန္တကားများ၊ စစ်သုံး တံတားများ ကိုပါထုတ် လုပ် လျက်ရှိသဖြင့် နော်ရင်ကိုကုမ္ပဏီ ထုတ် စစ်လက်နက်ပစ္စည်းများ သည် အဆင့်မြင့်နည်းပညာသုံး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ (high-tech defence Products) အဖြစ်လူသိများထင် ရှားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည်အောက်တိုဘာ ၁၅ ရက်မှ အစပြုသော၎င်း၏ တရုတ်ပြည်ချစ်ကြည်ရေးခရီး စဉ်အတွင်းနော်ရင်ကို စက်မှု ကော်ပိုရေးရှင်းသို့ သွားရောက် လေ့လာခဲ့ပြီး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်း ရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှိကျင်ဖျင်နှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိန်
Hot News

No comments:

Post a Comment