Pages

Tuesday, October 29, 2013

လက်ရှိမြန်မာနိုင်ငံရေး အခြေအနေကို လေ့လာပြီးအမေရိကန် ကွန်ဂရက်သို့ တင်ပြရန် N.E.D ကြိုးပမ်းမည်

29.10.2013

အမေရိကန် အခြေစိုက် National Endowoment ForDemocracy (N.E.D) အဖွဲ့အနေဖြင့် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများကို လေ့ လာပြီးလျှင် အမေရိကန်ကွန်ဂရတ်သို့ တင်ပြသွားမည်ဟု သိရှိရကြောင်း ယင်းအဖွဲ့နှင့် တွေ့ဆုံခဲ့သူ (U.N.A) အဖွဲ့ဝင် ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဥက္ကဋ္ဌ  ဦးအေးသာအောင် က People Power သို့ ပြောကြားသည်။

ညီညွှတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့(U.N.A) နှင့် (N.E.D) အဖွဲ့ကို တွေ့ဆုံရာ၌ (N.E.D)အဖွဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့်တိုင်းရင်းသားအရေးများကိုအဓိကထား၍ မေးမြန်းဆွေးနွေး ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီမှာ ကျွန်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တာကို ဆွေးနွေးခဲ့ပြီး ဦးခွန်ထွန်းဦးက တိုင်းရင်း သားအရေးကို ဆွေးနွေးခဲ့ တယ်။ အဓိကသူတို့က အချက် အလက်ယူတာပေါ့။ မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေး ဖြစ်စဉ်အမှန်ကို သိအောင်ကြိုးစားတာပါ။ သူတို့ US ပြန် ရောက်ရင်တော့ အဲဒါတွေကို ကွန်ဂရက်မှာတင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

ထိုသို့ မြန်မနိုင်ငံရေး ဖြစ်စဉ်အမှန်များကို အမေရိကန်ကွန်ရက်သို့ တင်ပြနိုင်ခြင်းကြောင့် အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သောမူဝါဒများချမှတ်ရာ၌ပိုမိုအထောက်အကူပြုလာနိုင်သည်ဟု
ယူဆရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

(U.N.A) နှင့် (N.E.D) တို့၏ ယခုတွေ့ဆုံမှုသည်အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်သော် လည်း ယင်းမတိုင်ခင်က သီးခြား ၂ ကြိမ်တွေ့ဆုံမှုရှိခဲ့ကြောင်း သိရှိရသည်။

သက်တမ်းနှစ် ၃၀ ရှိပြီဖြစ်သော (N.E.D) အဖွဲ့သည်အမေရိကန် ကွန်ဂရက်၏ ငွေကြေးထောက်ပံ့ မှုဖြင့်လည်ပတ်နေသော အဖွဲ့အစည်း ဖြစ်ကာ နိုင်ငံတကာ၌ ဒီမိုကရေစီထွန်းကားပြန့်ပွားရေးအတွက် အဓိကလှုပ်ရှားနေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ရေးသားသူ- ထွဏ်ထွဏ်ဝင်း
People power

No comments:

Post a Comment