Pages

Tuesday, October 29, 2013

ငြိမ်းချမ်းရေး မရခင်စပ်ကြားတွင် အထူးစီးပွားရေးဇုန်နှင့် ရေကာတာ စီမံကိန်းများ ရပ်တန်ထားရန်တိုင်းရင်းသားအဖွဲ့အစည်းများ တောင်းဆို






29.10.2013

ငြိးချမ်းရေး မရခင် စပ်ကြားတွင် အထူးစီးပွားရေး ဇုန်များ တည်ထောင်ခြင်း၊ ရေကာတာ စီမံကိန်း များ ပြုလုပ်ခြင်းကို ရပ်တန့်ထားရန် တိုင်းရင်းသား လူမှု အဖွဲ့အစည်းများက ပြောသည်။
ကုန်သည်လမ်းရှိ Myanmar Media Library ၌ ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် ပဋိပက္ခကြားက
ငွေကြေးရင်းနှီးမြှုပ်နှံ များ အစီရင်ခံစာ စာနယ်ဇင်းရှင်းလင်းပွဲ တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆုမွန်က တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၏ လိုလားချက်ကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး မရခင်စပ်ကြားမှာ သယံဇာတ သုံးတဲ့အခါ တိုင်းရင်းသား အကျိုးက တော်တော် နည်းတယ်။အဲဒါကြောင့် တကယ်လို့များ ရေကာတာ စီမံကိန်းတွေ၊ အထူး စီးပွားရေးဇုန်တွေ လုပ်ရင် နိုင်ငံရေး ဆွေးနွေးပွဲလုပ်၊ ငြိမ်းချမ်းရေး ရအောင် လုပ်ပြီးမှ ပြန်ပြီးဆွေးနွေးဖို့ တောင်းဆိုကြတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်ယနေ့ ပြုလုပ်သော အစီရင်ခံစာတွင်လည်း တိုင်းရင်းသားများ၏ သဘာဝအရင်းအမြစ်များအပေါ် ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှု ကင်းမဲ့နေခြင်း၊ တိုင်းရင်းသား ဒေသများတွင် ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊ မြေယာသိမ်းပိုက်ခံနေရခြင်း စသည့် အချက်များကို တင်ပြသွားခဲ့ပြီး ဒေသခံများသည် ၎င်းတို့ ဒေသထွက် သယံဇာတများကို ခံစားရမှု မရှိကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားခဲ့သည်။
“ရခိုင်မှာ ဓာတ်ငွေ့ထုတ်နေတယ်။ ဒါပေမဲ့ ပြည်နယ်ဒေသခံတွေ သုံးစွဲရတာ မရှိပါဘူး။ ရှမ်းဆိုလည်း အဲဒီလိုပဲ။ ရွှေလီမှာ စီမံကိန်းရှိတယ်။ ဒေသခံတွေအတွက် အကျိုးမဖြစ်ဘူး”ဟု ဦးဝင်းအောင်က ပြောသည်။

မြေပေါ်မြေအောက် သဘာဝရင်းမြစ်များကို အစိုးရ ကသာ ချုပ်ကိုင်ထားပြီး စီမံကိန်းများကို ခရိုနီနှင့် စစ်တပ်ကသာ လက်ဝါးကြီးအုပ်ထားသည့် အနေအထားတွေ့ရ ကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်၍ လူထုနှင့်တွေ့ဆုံခြင်း၊ လူထု၏ တင်ပြချက် ထိခိုက်နစ်နာမှုများကို တာဝန်ခံမှု အားနည်းသည် ကို တွေ့ရကြောင်း အစီရင်ခံစာကို ပြုစုသည့် နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်နန်းဖော့က ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment