Pages

Wednesday, November 13, 2013

အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)တွင် နိုဝင်ဘာ ၁၃မှစကာ မာစတာကတ် သုံးစွဲနိုင်ပြီ

မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

နိုင်ငံတစ်ဝန်းလုံးရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်များတွင် မာစတာကတ်ကို လက်ခံပြီး ၄င်းအေတီအမ်စက်များမှ နိုဝင်ဘာ၁၃ရက်က စတင်ပြီး ငွေများထုတ်ယူနိုင်ပြီဟု AGD ဘဏ်၏ အထွေထွေမန်နေဂျာ ဦးဇော်မျိုးအေးက ပြောသည်။

နိုင်ငံတကာမှ လာရောက်သော ဧည့်သည်များက AGDဘဏ်ရှိ အေတီအမ်စက်များမှ ငွေများထုတ်ယူနိုင်ပြီး ၀န်ဆောင်ခမှာ ငွေတစ်ကြိမ်ထုတ်လျှင် ငါးထောင်ကျပ်ယူမည်ဟု အေဂျီဒီဘဏ် အထွေထွေမန်နေဂျာ ဦးဇော်မျိုးအေးက ပြောသည်။

အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်သည် ရုံးချုပ်နှင့် ဘဏ်ခွဲ(၃၄)ခုတွင် မာစတာကတ်အသုံးပြုနိုင်မည့် အေတီအမ် စက် ၆၉လုံးရှိသည်။

လာမည့် ဒီဇင်ဘာ၁၁ မှ ၂၂ အထိ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အချိန်ကိုက် ဆောင် ရွက် ခြင်းဖြစ်သည်။

မာစတာကတ်လုပ်ကိုင်ခွင့်လိုင်စင်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မြန်မာဘဏ်များအား ပေးအပ်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်လမှစတင်ကာ ငွေကြိုပေးကတ်များ စတင်သုံးစွဲနိုင်ခဲ့သည်။ယင်းကတ်များကို မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်ချိန်တွင် အသုံးပြုနိုင်သည်။

"မြန်မာစီးပွားရေးက ရာနူန်းပြည့်ငွေသားနဲ့ပဲ လည်ပတ်နေတဲ့ အချိန်မှာ နေ့တိုင်းလည်း ပြောင်းလဲ နေတာကိုလည်း တွေ့ရပါတယ်။ အဲဒီထဲမှာ ဘဏ္ဍာရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်နဲ့ သွားတာဖြစ်တဲ့ ငွေစက္ကူသုံးစွဲမှုလျော့ချခြင်းဆိုတဲ့ အချက်လဲ ပါပါတယ်။ အီးကောမတ်စ်နဲ့ မိုဘိုင်းငွေချေခြင်းတွေကိုလည်း အသုံးများလာမှာ ဖြစ်ပါတယ်။ အဲဒါတွေကို အေဂျီဒီအပါအ၀င် မိတ်ဖက်ဘဏ်တွေကနေ လုပ်ပေးမှာပါ" ဟု မာစတာကတ်၏ ထိုင်းနှင့် မြန်မာ နိုင်ငံမန်နေဂျာ မစ္စတာ အန်တိုနီယို ကိုရိုကေ ပြောသည်။

မာစတာကတ်ကို စားသောက်ဆိုင်၅၀၀ကျော်၊ အရောင်းဆိုင်နှင့် ဟိုတယ်များက လက်ခံနေပြီ ဖြစ်သည်။

နိုဝင်ဘာ ၁၃အထိ မာစတာကတ်နှင့်ပူးပေါင်းမှုရှိသည့် လုပ်ငန်းများမှာ CBဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်၊ AGDဘဏ်နှင့် UG Finance ကုမ္ပဏီ လီမီတက်တို့ဖြစ်သည်

No comments:

Post a Comment