Pages

Saturday, November 23, 2013

ရန်ကုန် အပါအဝင် မြို့ကြီးငါးခုတွင် မြေငလျင် တိုင်းထွာရေးစခန်း တည်ဆောက်မည်



23.11.2013

ငလျင်လှုပ်ခတ်မှု အခြေအနေကို ခန့်မှန်း သိရှိနိုင်ရန်အတွက် ရန်ကုန် အပါအဝင် မြို့ကြီးငါးမြို့တွင် ယခုနှစ်ကုန်မှ စတင်၍ ငလျင် တိုင်းထွာရေးစခန်း ငါးခုကို တည်ဆောက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက ပြောကြားသည်။

အဆိုပါ မြို့ကြီးငါးမြို့မှာ ဟုမ္မလင်း၊ ဟားခါး၊ ကျိုင်းတုံ၊ ရန်ကုန်နှင့် နေပြည်တော်တို့ ဖြစ်ပြီး တစ်နိုင်ငံလုံး တွင် မြေငလျင် တိုင်းထွာရေးစခန်း ၁၁ ခုတည်ဆောက်ရန် ရည်ရွယ်ထားရာ အဆိုပါ စခန်းငါးခုသည် ကနဦး စီမံကိန်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြေငလျင် တိုင်းထွာရေးစခန်း အကျယ်အဝန်းမှာ ပေ ၃၀ ပတ်လည်ခန့် ရှိပြီး အဆိုပါစခန်းတွင် တပ်ဆင် မည့် မြေငလျင် တိုင်းထွာရေးစက်များနှင့် နည်းပညာကို USAID အဖွဲ့က ထောက်ပံ့ခြင်း ဖြစ်ကြောင်း ယင်းစက် များကို လေယာဉ်ကွင်း၊ ကား၊ ရထားလမ်းတို့နှင့် ဝေးကွာပြီး ဆိတ်ငြိမ် သောနေရာတွင် တည်ဆောက် ရမည် ဖြစ်ကြောင်း ဦးကျော်ကျော်လင်းက ရှင်းပြ ပြောဆိုသည်။“တချို့ဒေသတွေက လျှပ်စစ်မီး အခက်အခဲရှိလို့ Solar power (နေရောင်ခြည် စွမ်းအင်) ကို အဓိကထား အသုံးပြုမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မြေငလျင် လှုပ်ခတ်မှု အခြေအနေကို ချက်ချင်း တိုင်းထွာနိုင်သည့် စက်များ တပ်ဆင် ထားနိုင်ခြင်း မရှိသေးဘဲ လှုပ်ခတ်ပြီးမှသာ တိုင်းထွာ ရရှိသော ရလဒ်ကို သတင်းထုတ်ပြန်နေခြင်း ဖြစ်ကြောင်း၊ မြို့အလိုက် ချက်ချင်း တိုင်းထွာ သိရှိနိုင်ရန်လည်း လိုအပ်ကြောင်း ဘူမိဗေဒပညာရှင် တစ်ဦးက သုံးသပ်ပြော ကြားသည်။

ရခိုင်ငလျင်ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြီး ငလျင်ကြော၊ သံလွင် ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ အဓိက ငလျင်ကြောကြီး ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ် အနေဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများသည့် နေရာမှာ စစ်ကိုင်း ငလျင်ကြောပင်ဖြစ်ကာ စစ်ကိုင်းပြတ်ရွေ့ ကြောပေါ်ရှိ သပိတ်ကျင်း မြို့နယ်တွင် ၂၀၁၂ ခုနှစ်က အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုတ်ခတ်ခဲ့ရာ ပျက်စီး ဆုံးရှုံးမှုနှင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည်။

The Voice

No comments:

Post a Comment