Pages

Tuesday, November 26, 2013

မညီညွတ်ရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားနိုင်တယ်


ထိုင်းနိုင်ငံကိုဒီနေ့ရောက်ရှိလာတဲ့ ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ မင်းသားကြီးကျော်သူက မြန်မာတွေ မညီညွတ်ရင် မြန်မာလူမျိုး ပျောက်ကွယ်သွားတတ်တယ်ဆိုပြီး မဲဆောက်မြို့က မြန်မာလူမှုရေး အသင်း အဖွဲ့တွေကို ဒီနေ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မှာ ညီညွတ်မှုမရှိဘဲ အကွဲကွဲ အပြားပြားဖြစ်နေကြတဲ့ မြန်မာနိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မင်းသားကြီးကျော်သူက ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတွေ့ဆုံပွဲအပြီးမှာ ဧရာဝတီသတင်းဌာနကိုသီးသန့်ပြောဆိုတာက...

"ကျနော်ရောက်ခဲ့တဲ့ အမေရိက၊ မလေးရှား၊ သြစတေးလျက၊ မြန်မာတွေ တသင်းနဲ့တသင်း၊ တဖွဲ့နဲ့တဖွဲ့ မတည့်ကြဘူး ဒါတွေက စိတ်မကောင်းစရာတွေပဲ။မြန်မာပြည်သားချင်း စည်းစည်းလုံးလုံးနဲ့ ညီညွတ်မှုရှိရင် ဘယ်အရာမဆို အောင်မြင်မှာဖြစ်တယ်။ ကျနော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့အချိန်မှာ ညီညွတ်မှုက အရေးကြီးတယ်၊ မညီညွတ်ရင် မြန်မာလူမျိုးဆိုတာ ပျောက်သွားနိုင်တယ်" လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာဆိုရင် မြန်မာနာရေးကူညီမှုအသင်းတွေ သုံးခုထက်မနည်း ရှိနေပေမဲ့ သူတို့တတွေရဲ့ အနေအထားတွေကရန်ကုန်နာရေးကူညီမှု အသင်းဥက္ကဌပြောသလိုပဲ ညီညွတ်မှု လိုအပ်နေ ဆဲဖြစ်နေတယ်လို့ မဲဆောက်မှာ နှစ်ရှည်သီတင်းသုံးနေတဲ့ မြန်မာဘုန်းတော်ကြီး အရှင်သုမနက မိန့်ဆို ပါတယ်။

နာရေးဥက္ကဋ္ဌ မင်းသားကြီးနဲ့အဖွဲ့ မြ၀တီကနေ ထိုင်းဘက်ခြမ်း မဲဆောက်ကို တနေ့တာခရီးသွား လက်မှတ် နဲ့ နေ့ချင်းပြန် ကူးသန်းတာဖြစ်ပြီး မဲဆောက်မြို့၊ ချင်းမိုင်မြို့တို့မှာ အခြေစိုက် တဲ့ မြန်မာ နာရေး ကူညီမှု အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

.ဧရာဝတီ

No comments:

Post a Comment