Pages

Monday, November 18, 2013

တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် အခြားသော ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးများနှင့် အဆင့်မတူ ကွဲပြားသည်ဟု ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား


18.11.2013

တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ဦးစလုံး၏ အခြေအနေသည် အခြားသော ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးအဆင့်များနှင့် အဆင့်မတူဘဲ ကွဲပြားနေသည်ဟု ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီး ဦးကိုကိုနိုင်က ချင်းပြည်နယ် ဟားခါးမြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ရက်အထိ ကျင်းပသည့် ချင်းအမျိုးသား ညီလာခံတွင် ပြောကြားသည်။

"ကျွန်တော်တို့တစ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံမှာ မိမိတို့ရဲ့ တိုင်းရင်းသားများ အရေးအရာကို ဆောင်ရွက်ရန်ဆိုပြီး ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့နယ်ပယ်မှာ ကျွန်တော်တို့မှာ ဌာနမရှိပါဘူး။ ရုံးခန်းတွေ မပါဘူး။ အိမ်တွေ မရကြဘူး။ ဘတ်ဂျက် မပါဘူး။ ဒီတော့ တိုင်းရင်းသားများရဲ့ အရေးအရာတွေကို ဆောင်ရွက်တဲ့ နေရာမှာ လေနဲ့အလုပ်လုပ်လို့ မရပါဘူး။ ဘတ်ဂျက် မရှိဘဲနဲ့ အလုပ်လုပ်လို့ မဖြစ်နိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်နယ်အဆင့် ၀န်ကြီးအဖြစ် သတ်မှတ်ထားပြီး အတိအကျ ဖွဲ့ဆို ထားသော်ငြားလည်း ဒီမိုကရေစီ အစိုးရ မစတင်မီ အေးချမ်းဖြိုး ကောင်စီက ထုတ်ဝေလိုက်တဲ့ နည်းဥပဒေကြောင့် ကျွန်တော်တို့ တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ဦးစလုံးရဲ့ အခြေအနေဟာ အခြားသော ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးတွေနဲ့ အဆင့်မတူ ကွဲပြားသွားတာဟာဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်တဲ့ Mother Law ကို အေးချမ်းဖြိုး ကောင်စီရဲ့ နည်းဥပဒေက လွှမ်းမိုး သွားတာ ဖြစ်ပါတယ်။ ဒါက တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးကို ဖော်ဆောင်ခြင်း ဟုတ်၊ မဟုတ် သိသာနိုင်တဲ့ အနေ အထားလေး တစ်ခုကို ကျွန်တော်ချပြတာပါ" ဟု ပြောကြားသည်။

အဆိုပါ ညီလာခံသို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးနိုထန်ကပ် တက်ရောက်ခြင်း မရှိဘဲ မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးတို့သာ တက်ရောက်ခဲ့သည်ဟု သိရသည်။

EMG

No comments:

Post a Comment