Pages

Monday, November 18, 2013

တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မုံရွာမြို့ ရွှေစည်းခုံ ဘုရားတွင် လက်ပံတောင်းအရေး ၀တ်ပြုဆုတောင်းပွဲ ဒေသခံများ ပြုလုပ်ခဲ့

ဝတ်ပြုဆုတောင်းရန် ရွှေစည်းခုံဘုရားသို့ လာရောက်သည့် လက်ပံတောင်း ဒေသခံများအား တွေ့ရစဉ်
18.11.2013

လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ တန်ဆောင်မုန်း လပြည့်နေ့ မနက်ပိုင်းက မုံရွာမြို့ ရွှေစည်းခုံ ဘုရားတွင် လက်ပံတောင်း ဒေသခံများ ၀တ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

"ဒီနေ့ဟာ တန်ဆောင်မုန်း လပြည့်နေ့ဖြစ်ပြီး လက်ပံတောင်းတောင်အရေး သပိတ်စခန်းကို အကြမ်း ဖက် နှိမ်နင်း တာ တစ်နှစ်ပြည့်လည်း ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ဒေသတွေဟာ ပြီးခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ညက အကြမ်းဖက် နှိမ်နင်းခံရပြီး ကတည်းက မအေးချမ်းဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သေနတ်တွေနဲ့ အပစ်ခံရတယ်။ မအေးချမ်းတဲ့ လက်ပံတောင်းတောင် ဒေသ ကို အေးချမ်း ဖို့ လာရောက်ပြီး ဆုတောင်းတာပဲဖြစ်တယ်" ဟူ၍ မုံရွာမြို့ ရွှေစည်းခုံစေတီ ရင်ပြင်တွင် ၀တ်ပြု ဆုတောင်းသူ တစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်အရေး ငြိမ်းချမ်းစေရန် ၀တ်ပြုဆုတောင်း သူများတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မိုးကြိုးပြင်ကျေးရွာ၊ တုံ၊ အလယ်ရွာ၊ တောကျောင်း၊ ဆည်တည်း၊ ဇီးတော စသောကျေးရွာများ က ဒေသ ခံများ အပါအ၀င် လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြရင်း မုံရွာထောင်တွင် ကျခံခဲ့ပြီး ပြီးခဲ့သော ရက်ပိုင်းအတွင်း လွတ်မြောက်လာသူ ကိုရာဇာလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံ ဘုရားတွင် ၀တ်ပြုဆုတောင်းသော ဒေသခံများသည် နံနက် ၁၁ နာရီ ၀န်းကျင်မှ စတင် ဆုတောင်းကာ ဘုရားတွင် သုံးပတ်လှည့်လည် ဆုတောင်းခြင်းများ ပြုလုပ်ကာ ၁၂ နာရီ ၀န်းကျင်တွင် မုံရွာမြို့ ဇက်ဆိပ်တွင် တောင်ကြည့်ပွဲ ပြုလုပ်ခဲ့ကာ ညနေ ၄ နာရီ ၀န်းကျင်တွင်လည်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မုံရွာ-ပုသိမ် လမ်းပေါ်ရှိ မိုးကြိုးပြင် ရွာထိပ်တွင် ဒေသခံများ လက်ပံတောင်းတောင် ကြည့်ပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ရှိ မြို့မရဲစခန်းတွင် နေ့လယ် ၂ နာရီက မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက မုံရွာမြို့ပေါ် ရပ်ကွက်များက ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ မီဒီယာများကိုလည်း တွေ့ဆုံကာ လက် ပံတောင်းတောင် အရေး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များမှာ မတတ်သာသည့် အဆုံးတွင် ပစ်ခတ်နှိမ်နင်း ရခြင်းဖြစ်ကြောင်း၊ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ နိုင်ငံရေးနှင့် ပတ်သက်ပြီး လုပ်စားနေသော မသမာသူများ ပါဝင်ပတ်သက် လှုံ့ဆော်မှုများရှိကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများ ရှိပါက အကြောင်းကြားပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment