မီတာခပြန်လည်လျှော့ချရေး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမည်
5.11.2013
ဟိန်းကိုစိုး
တိုးမြှင့်သတ်မှတ်လိုက်သည့် မီတာခများ ပြန်လည်လျော့ချရေးအတွက်
ခွင့်ပြုချက်မယူဘဲ နိုင်ဝင်ဘာလလယ်၌ ဆန္ဒထုတ်ဖော်သွားမည်ဟု Generation Youth
မှဦးတင်ထွဋ်ပိုင်က ပြောသည်။
ယင်းဆန္ဒပြပွဲကို ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ခွင့်ပြုချက်ယူရတယ်ဆိုတာကို လုံးဝလက်မခံဘူး။ ပြည်သူတွေ နစ်နာချက်ကို အစိုးရဆီတောင်းဆို တာ ပြည်သူ့အသံ နားမထောင်လို့ လုပ်ရတာခွင့်ပြုချက်ကမလိုပါဘူး”ဟု ဦးတင်ထွဋ်ပိုင်က ရှင်းသည်။
မီတာခပြန်လည်လျော့ချရေး ဆန္ဒဖော်ထုတ်ပွဲများကို
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်သော်လည်း
လတ်တလောတွင် ရန်ကုန်နှင့် မန္တလေးတို့၌ ဦးစွာပြုလုပ်သွားမည်ဟုသိရသည်။
သို့သော် မည်သည့်နေရာတွင်စတင်မည်ဆိုသည်ကိုမူ တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ကြောင်း ဒီမိုကရေ စီရေးစဉ် ဆက် မပြတ်လှုပ်ရှားမှုအင်အားစုမှ အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်ကဆိုသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုကို Generation Wave၊Generation Youths၊ ရန်ကုန် လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက် သူများအဖွဲ့တို့နှင့်
ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း၊ ယင်းသို့ မီတာခတိုးမြှင့်
သတ်မှတ်မှုကြောင့် ပြည်သူများအနေဖြင့် ကုန်ကျစရိတ်နှစ်ဆကျော်မြင့်တက်သွားသည်ကို မြောက်ဥက္က လာနှင့် တောင်ဥက္ကလာမြို့နယ်များတွင် ငါးရက်ကြာပြုလုပ်ခဲ့သည့် လေ့လာမှုများအရသိရကြောင်း ဦးတင်ထွဋ်ပိုင်က ဆိုသည်။
“သာမန်အိမ်သုံးတွေတောင်တစ်နေ့ကို ရှစ်ယူနစ်လောက်သုံးတယ်တစ်လလုံးဆိုရင်ဘယ်လိုဖြစ်ဖြစ် ယူနစ်တစ်ရာကျော်တော့ နှစ်ဆလောက်ကို မြှင့်သွားနိုင်တဲ့အခြေနေမှာရှိတယ်။ ဒီလိုအချိန်မျိုးမှာ တက် လိုက်တော့ လူထုအတွက်စီးပွားရေးအရအခက်ခဲတစ်ခုကို ဖြစ်သွားစေတယ်”ဟု ၎င်းကပြောသည်။
မီတာဈေးနှုန်း ပြန်လည်လျော့ချပေးရန်တောင်းဆိုမှုသည် ပြည်သူများလိုအပ်ချက်ကို တောင်းဆိုခြင်းဖြစ် ကာ နိုင်ငံတော်၏တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်ရေးကိုနှောင့်ယှက်မှုပြုခြင်းမဟုတ်ဟု
ယုံကြည် ကြောင်း၊ ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ကျင့်သုံးခြင်းသာဖြစ် ကြောင်း
ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့် က ပြောသည်။
ဆန္ဒဖော်ထုတ်ခွင့်ကိုကျင့်သုံးခြင်းသာဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်က ပြောသည်။
Mizzima
No comments:
Post a Comment