Pages

Tuesday, November 5, 2013

ဖိုးကျားဆင်စခန်းသို့ အောက်တိုဘာမှ ဖေဖော်ဝါရီအတွင်း ခရီးသွားဝင်ရောက်မှု များပြားလေ့ရှိရာ ယခင်နှစ်ကထက် ရာခိုင်နှုန်း ၅၀ ပိုမိုဝင်ရောက်ရန် ခန့်မှန်းထား


ရန်ကုန်မြို့မှ ၂၀၅ မိုင်ကွာဝေးသည့် သာဂရမြို့၏ အနောက်ဘက် ၁၀ မိုင်အ ကွာ၊ နေပြည်တော်နှင့်မိုင် ၃၀ ကျော် သာ ကွာဝေးသည့် ရိုးမဖြတ်လမ်းဘေးတွင်တည် ရှိသော ဖိုးကျားဆင်စခန်းသို့အောက်တိုဘာ မှ ဖေဖော်ဝါရီလအတွင်း ခရီးသွားဝင်ရောက် မှုများပြားလေ့ရှိရာ ယခုနှစ်တွင် ခရီးသွား ၀င်ရောက်မှု ရာခိုင်နှုန်း ၅၀ ခန့် ပိုမိုများပြား လာမည်ဟု ခန့်မှန်းထားကြောင်း ဖိုးကျား ဆင်စခန်းမှ စုံစမ်းသိရသည်။
''အရင်နှစ်တွေတုန်းကတော့ ခရီးသွား ၀င်ရောက်မှုအခြေအနေက တိုးလာတာရှိ သလို လျော့သွားတာလည်း ရှိတယ်။ ဒီနှစ် တော့ တိုးလာမယ်လို့ ခန့်မှန်းထားပြီး ရာခိုင် နှုန်း ၅၀ လောက်အထိ ခရီးသွားပိုများလာ မယ်လို့ မှန်းထားပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေက နေ့ချင်းပြန်လာတာရှိသလို တစ်ညအိပ် တည်းခိုတာတွေ လည်းရှိပါ တယ်။ ပြည်တွင်းခရီးသွားအနေနဲ့ကတော့ နေ့ချင်းပြန်လာတဲ့သူ များပါတယ်။ နိုင်ငံခြား သားခရီးသွား အနေနဲ့ စပိန်၊ ဂျာမနီ၊ ပြင် သစ်၊ အမေရိကန်၊ ဆွစ်ဇာလန် စသဖြင့် လာ ကြပြီး အများဆုံးလာတာကတော့ စပိန်၊ ဂျာမနီနဲ့ပြင်သစ်လူမျိုးတွေပါ''ဟု ဖိုးကျား ဆင်စခန်းမှ တာဝန်ခံမန်နေဂျာ ကိုမြတ်မင်း က ပြောကြားသည်။
ဖိုးကျားဆင်စခန်းမှာ ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့နယ်အတွင်း တည်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ ၁၅ ဒသမ ၂၇ ဧက ကျယ်ဝန်းကြောင်း သိရသည်။
''တောထဲမှာပတ်ပြီး ဆင်စီးရတာနဲ့ တောတွင်းစခန်းရှုခင်းတွေက ဆွဲဆောင်မှုရှိ ပါတယ်။ ဒါပေမဲ့ ဒီထက်ပို ထူးခြားတဲ့ အစီအ စဉ်တွေနဲ့ ဆွဲဆောင်နိုင်မယ်ဆိုရင်ပိုကောင်း ပါတယ်။ ဥပမာ-သိုင်းချောင်းထဲမှာ လှေပတ် စီးနိုင်တာမျိုးပေါ့'' ဟု ဖိုးကျားဆင်စခန်းသို့ သွားရောက်ခဲ့သူတစ်ဦးက ဆိုသည်။

EMG

No comments:

Post a Comment