Pages

Monday, November 4, 2013

ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် ( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေး ချယ်ရေး စာမေးပွဲ ကျင်းပရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား

4.11.2013

( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ သည် သာသနာ့ အာဇာနည် များ ရွေးချယ် သည့် စာမေးပွဲ ဖြစ်သဖြင့် အလွန် အရေးကြီး ကြောင်း၊ ယင်း စာမေးပွဲ တွင် တာဝန် ထမ်းဆောင် ကြသူ များ သည် ပညာ ပါရမီ ကို ဖြည့်ဆည်း ပေးကြ သူများ ဖြစ်သဖြင့် ကုသိုလ် ကောင်းမှု များစွာ ရပါကြောင်း၊ ဗုဒ္ဓ သာသနာ မြန်မာ နိုင်ငံတော် သို့ စတင် ရောက်ရှိ ချိန်မှ စတင်၍ ဆရာတော် သံဃာ တော်များ က သာသနာ တော်ကို ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါကြောင်း။

ထို့အတူ ဗုဒ္ဓဘာသာ ဝင်များ ကလည်း သာသနာ ဆိုင်ရာ စာမေးပွဲ များ ကျင်းပပြီး သာသနာ တော်ကို ချီးမြှောက် ထောက်ပံ့ ခဲ့ပါကြောင်း၊ ယနေ့ အချိန် အထိ တိပိဋက ဓရ တိပိဋက ကောဝိဒ အာဂုံ / ရေးဖြေ အောင် သာသနာ့ အာဇာနည် ( ၁၃ ) ပါး ပေါ်ထွန်း ခဲ့ပြီး ပိဋကတ် နှစ်ပုံ ခွဲအောင် ( ၉ ) ပါး၊ ပိဋကတ် နှစ်ပုံ အောင် ( ၂၇ ) ပါး၊ ပိဋကတ် တစ်ပုံ အောင် ( ၁၃၃ ) ပါး ပေါ်ထွန်း ခဲ့ပါ ကြောင်း၊ တိပိဋက ဓရ တိပိဋက ကောဝိဒ စာမေးပွဲ သည် အခက်ခဲ ဆုံး၊ အနက်နဲ ဆုံးနှင့် ကာလ ရှည် ကြာစွာ ကျင်းပ ရသည့် စာမေးပွဲ ဖြစ်ကြောင်း၊ ယခုနှစ် စာမေးပွဲ ကျင်းပရာ တွင် လစ်ဟင်း၊ လစ်ဟာ၊ ချို့ယွင်းချက် များ မရှိအောင် တာဝန် ရှိသူများ က ဝိုင်းဝန်း ပံ့ပိုး ကူညီ ဆောင်ရွက် ပေးကြ စေလို ကြောင်းဖြင့် နိုဝင်ဘာ ၃ ရက် နံနက် ( ၉ ) နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်း ရှိ သာသနာရေး ဝန်ကြီး ဌာန ရန်ကုန်ရုံးခွဲ ၌ ကျင်းပ သည့် ( ၆၆ ) ကြိမ်မြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ် ရေး စာမေးပွဲ ကျင်းပရေး ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး တွင် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ကျင်းပရေး နာယက သာသနာ ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့် က အဖွင့် အမှာ စကား ပြောကြားရာ ၌ ထည့်သွင်း ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်း က အမှာ စကား ပြောကြားပြီး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင် က တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြ သည်။ ယင်းနောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ကျင်းပရေး လုပ်ငန်း စီမံချက် ကို ညွှန်ကြား ရေးမှူး ဦးမျိုးထွန်း က ရှင်းလင်း တင်ပြပြီး လုပ်ငန်း ကော်မတီ အသီးသီးမှ တာဝန် ရှိသူများ က မိမိတို့ ကော်မတီ အလိုက် ဆောင်ရွက် ထားမှု အခြေ အနေများ ကို ဆွေးနွေး တင်ပြ ကြသည်။

သတင်းစဉ်

No comments:

Post a Comment