4.11.2013
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ယခုဘတ်ဂျက်နှစ် (၂၀
၁၃-၂၀၁၄) အတွင်း သုံးစွဲခွင့်ပြုထားသည့် ကျပ် ၃၃ ဘီလီယံ ကို
လုပ်ထုံးလုပ်နည်း မထွက်သေး၍ သုံးစွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ကို
တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်စီ သုံးစွဲခွင့်ရမည်ဖြစ်ပြီး ငွေကို
မည်သို့ထုတ်ယူမည်၊ မည်သို့ အစစ်ဆေးခံမည်နှင့် မည်သူ့ကို အစီရင်ခံမည်စသည့်
လုပ်ထုံးလုပ် နည်း သတ်မှတ်ချက်မှာမူ ထွက်ရှိလာခြင်း မရှိသေးပေ။
အဆိုပါ အသုံးစရိတ်သည် ယခုနှစ်ဆန်းပိုင်းအတွင်း ဘတ်ဂျက်ဆွေးနွေးစဉ်
ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာသည့် အသုံးစရိတ်များကို
စိစစ်ဖြတ်တောက်ပြီးနောက် ပိုလျှံလာသည့် ငွေများထဲမှ အချို့ကို
ယင်းသို့သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ထားခဲ့ခြင်း ဖြစ်သည်။
“ဒေသန္တရအုပ်ချုပ်အဖွဲ့တွေ၊ရပ်ကွက်/မြို့နယ်အထောက်အကူပြုအဖွဲ့တွေကိုလုပ်ငန်းအပ်ပြီးတော့ ဆောင်ရွက်ဖို့ တော့ ရည်ရွယ်ထားတယ်။ ဒါက မူကြမ်းပေါ့။
အခုထပ်ထိတော့ ပြန်ကျမလာသေးဘူး” ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့်
ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် ဦးအေးမောက်က ပြော သည်။
အဆိုပါ အသုံးစရိတ်ကို သက်ဆိုင်ရာဒေသရှိ ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်ကိုယ်စားလှယ်များက
ဒေသဆိုင်ရာအာဏာပိုင်များ၊ ရပ်ကျေးနှင့် မြို့နယ်အထောက် အကူပြုအဖွဲ့များ၊
ရပ်မိရပ်ဖများနှင့် တိုင်ပင်၍ လိုအပ်သည့်နေရာတွင် သုံးစွဲရန် ဖြစ်ကြောင်း
သိရသည်။
ယခုဘဏ္ဍာရေးနှစ် ၂၀၁၃ ဧပြီလ ၁ ရက်မှ ၂၀၁၄ မတ်လ ၃၁ ရက်အတွင်း သုံးစွဲရခြင်း မရှိသေးပါက ပိုလျှံဘဏ္ဍာငွေအဖြစ် ပြန်လည်အပ်နှံရမည်ဟု သိရသည်။
Mizzima
No comments:
Post a Comment